မြဝတီမြို့ တတိယနေ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြမှု ဌာနဆိုင်ရာဝန်ထမ်းများ ပိုမိုပါဝင်လာ

မြဝတီမြို့ တတိယနေ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြမှု ဌာနဆိုင်ရာဝန်ထမ်းများ ပိုမိုပါဝင်လာ

ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကရင်ပြည်နယ် မြဝတီမြို့ တတိယနေ့ စစ်အာဏာ သိမ်းမှုဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ၌သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ ကျန်းမာရေးဝန်ထမ်းများနှင့် တရားလွှတ်တော်ရှေ့နေများ စသည့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ ပြည်သူများနှင့် စုပေါင်းပြီး စစ်အာဏာသိမ်းမှုးအား ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယမန်နေ့ညက မြဝတီမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ယနေ့ ဆန္ဒပြလူထုမှာ မြဝတီခရိုင်ထဲရှိ ကျေးရွာအသီးသီးမှ လူထုများလည်း ပူးပေါင်းပါဝင်လာသဖြင့် စုစုပေါင်း အင်အား တစ်သိန်းဝန်းကျင်ခန့် ရှိသည်။

ယနေ့ မြဝတီမြို့ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲကို မြဝတီမြို့ အမှတ် ၁ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား ဘုရင့်နောင်လမ်းမကြီးပေါ်၌ နံနက် ၉ နာရီခန့်တွင် စတင်စုဝေး ထွက်ခွာပြီး  ဗိုလ်ချုပ်လမ်း၊ မြို့ပတ်လမ်း၊ တောရကျောင်းလမ်း၊ ဓိဌာန်အောင်ဘုရားလမ်းနှင့် ကြံခင်းလမ်းဘက်မှ တောက်လျှောက် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး မူလစုရပ် မြဝတီမြို့ ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတား ဘုရင့်နောင်လမ်းမကြီးပေါ်သို့  ပြန် လည်ရောက်ရှိလာကာ နေ့လည် ၁ နာရီခန့်မှာ လူစုခွဲခဲ့ကြသည်။

ယနေ့ ဆန္ဒပြပွဲတွင် “စစ်အာဏာရှင်စနစ် အလိုမရှိ”၊ “အာဏာရှင်စနစ်ကျဆုံးပါစေ”၊ “အမေစုနှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရေး ဒို့အရေး”၊ “၂၀၂၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး ဒို့အရေး”၊ “အရေးတော်ပုံအောင်ရမည်” စသည့် ကြွေးကြော်ချက်များဖြင့် လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြသည်။

June 29, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဗျက္ခကျေးရွာအုပ်စု၊ နောင်မဘုံ(နွန့်ဝါ့ဘုံ)ကျေးရွာတွင်...
Photo: AFP
June 27, 2026
ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဖြစ်သည့် မြဝတီ-မဲဆောက်အမှတ်(၂)တံတား...
Photo: KNU
June 26, 2026
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ဘက်တံဆိပ်နှင့်ယူနီဖောင်းအသုံးပြု၍ စစ်အုပ်စုတပ်ဖွဲ့များ...
June 25, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင်၊ တပ်မဟာ (၁) နယ်မြေ၊ ဘီးလင်းမြို့နယ်ရှိ...