Published
Monday, February 08, 2021
ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေပြန်ပေါင်းပြီး KNU ထိန်းချုပ်နယ်မြေတွေကိုကာကွယ်ဖို့ KCG အဖွဲ့တိုက်တွန်း (ဖေဖော်ဝါရီလ ၀၈၊ ၂၀၂၁)
နေပြည်တော်မှာ အာဏာသိမ်းမှုတွေဖြစ်ပွားပြီးနောက် ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ ပြန်ပေါင်းပြီး KNU ထိန်းချုပ်နယ်မြေတွေကို ကာကွယ်ဖို့ KCG အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST က ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို နိုင်ငံတကာက ဝိုင်းဝန်းဖြေရှင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။
မြစ်ကြီးနားတက္ကသိုလ်က ဆရာ၊ ဆရာမတွေက ဖဲကြိုးနီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လိုက်ပြီး အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်လိုက်ပါတယ်။






