ဦးသန်းရွှေသားမက် ဒေါက်တာနေစိုးမောင် အာဏာသိမ်းအစိုးရကို ဆန္ဒပြ

ဦးသန်းရွှေသားမက် ဒေါက်တာနေစိုးမောင် အာဏာသိမ်းအစိုးရကို ဆန္ဒပြ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) ရဲ့သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်လည်းပဲ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ပြည်သူတွေနဲ့အတူ ဆန္ဒပြပွဲမှာ ပါဝင်ဆင်နွဲခဲ့ပါတယ်။

" ပြည်သူတို့နဲ့အတူ.... ပင်စင်စားတစ်ဦး၏ အမှန်တရားဘက်က ရပ်တည်မှု" လို့ သူ့ရဲ့ ဖေးစ်ဘွတ်စာမျက်နှာမှာ တင်ထားပါတယ်။ သူဟာ တချိန်က အာဏာရှင်ဟောင်းဖြစ်တဲ့ ဦးသန်းရွှေမိသားစုဖြစ်ပေမယ့်၊ တပ်ကထွက်ပြီးနောက် လူမှုအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေသူဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် တိုင်းပြည်အာဏာမလုခင်၊  အာဏာမသိမ်းခင် ၁၀ ရက်အလို ( ဇန်နဝါရီ ၂၁ ရက်နေ့) MCIJ အင်တာဗျူးမှာ "အာဏာဆိုတာ ယစ်မူးတတ်ကြောင်း"၊ "တပ်မတော်နဲ့NLD အပေးအယူညှိနှိုင်းကြဖို့" ထည့်သွင်းပြောဆိုဖူးပါတယ်။

တရက်တည်းမှာပဲ ဒေါက်တာနေစိုးမောင်ရဲ့သားဖြစ်သူ နေရွှေသွေးအောင်ကလည်း သူ့ရဲ့ဖေးစ်ဘွတ်စာမျက်နှာမှာ "YOU WILL NEVER WALK ALONE" "မင်းတစ်ယောက်တည်းမဟုတ်ပါ" လို့ ရေးသားထားပါတယ်။ ၃ နာရီအတွင်းမှာပဲ သူ့ပို့စ်ကို like လုပ်သူ 10K (တစ်သောင်း)ရှိပြီး၊ မှတ်ချက်ပြုသူ ၄၀၀ ကျော်ရှိပါတယ်။

သူ့ရဲ့ဆိုလိုရင်းက ရှင်းလင်းမှှုအားနည်းတဲ့ ပရိတ်သတ်တွေက ဘယ်သူနဲ့အတူရပ်တည်သလဲလို့ မေးခွန်းထုတ်တဲ့အခါ "The Side of Justice" "တရားမျှတတဲ့ဘက်" ကလို့ မှတ်ချက်ပြန်ပေးထားပါတယ်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...