Published
Thursday, February 04, 2021
လွှတ်တော်ရုံး၊ မြို့အဝင်အထွက်ဂိတ်အားလုံးကို ရဲတပ်ဖွဲ့နဲ့ တပ်မတော်ကနေ လက်နက်အပြည့်အစုံနဲ့ စောင့်ကြည့်ထားဆဲ
ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းမှာ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ် အစိုးရရုံး၊ လွှတ်တော်ရုံး၊ မြို့အဝင်အထွက်ဂိတ်အားလုံးကို ရဲတပ်ဖွဲ့နဲ့ တပ်မတော်ကနေ လက်နက်အပြည့်အစုံနဲ့ စောင့်ကြည့်ထားဆဲဖြစ်ပါတယ်။
အစိုးရဌာနဆိုင်ရာတွေကနေ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် သာမန်အသုံးစရိတ်နဲ့ ငွေလုံးငွေရင်းအသုံးစရိတ်တွေကို ၂.၂ ဘီလီယံကျော် တင်ပြတောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကယားပြည်နယ်ကို ရောက်ရှိလာတဲ့ ကိုဗစ်ကာကွယ်ဆေး ၂၂၂ လုံးနဲ့ လူဦးရေ ၁,၉၉၉ ဦးကို ထိုးနှံနိုင်မှာဖြစ်တယ်လို့ ကယားပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေဦးစီးဌာနမှူး ဒေါက်တာဌေးလွင် က ပြောပါတယ်။






