၂၀၂၀ ခုနှစ်အတွင်း သက်ငယ်မုဒိမ်း အမှု(၆၀)ကျော် ဖြစ်ပွားခဲ့

၂၀၂၀ ခုနှစ်အတွင်း သက်ငယ်မုဒိမ်း အမှု(၆၀)ကျော် ဖြစ်ပွားခဲ့

မွန်ပြည်နယ်အတွင်း ဖြစ်ပွားတဲ့ မုဒိမ်းမှုတွေရဲ့ (၈၀)ရာခိုင်နှုန်းဟာ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၀ ခုနှစ်မှာ မွန်ပြည်နယ်အတွင်း မုဒိန်းမှု (၉၆)မှု ဖြစ်ပွားခဲ့ပြီး အမှု(၆၇)မှုဟာ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

သက်ငယ်မုဒိမ်းမှု အများစုဟာ သက်ကြီးပိုင်းတွေက ကျူးလွန်လို့ မဟုတ်ဘဲ  အသက်မပြည့်သေးတဲ့ သမီးရည်းစား စုံတွဲတွေမှာ  လိင်မှုကိစ္စ နယ်ကျွံရာမှ ဖြစ်ပွားခဲ့တာလို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးဦးစီးထွန်းထွန်းက ပြောပါတယ်။

“မုဒိမ်းမှုမှာတော့ ပုံမှန်က ၂၀ ရာခိုင်နှုန်းပဲရှိတာပေါ့ အမှု ၁၀၀ ဖြစ်လို့ရှိရင် ၂၀ လောက်ကတော့ ပုံမှန်ပေါ့ သူ့ဟာသူ အဓမ္မပြုကျင့်တာပေါ့ အရွယ်ရောက်ပြီးသားပေါ့ ၈၀ ရာခိုင်နှုန်းလောက်က အရွယ်မရောက်ပေါ့ အရွယ်မရောက်ဆိုတဲ့နေရာမှာလဲ အသက်ကြီးတဲ့လူကနေပြီးတော့ ခလေးကို ပြုမူလိုက်တဲ့အမှုမျိုးမဟုတ်ပါဘူး များသေားအားဖြင့်တော့ ၁၈ နှစ်မပြည့်သေးတဲ့ သမီးရည်စားစုံတွဲတွေ အချစ်နယ်ကျွံရာကနေ မိသားစုပါလာတာ လူမှုရေးကိစ္စတွေ ရှင်းမရတဲ့အဆုံးမှာ ရဲစခန်းမှာ လာအမှုဖွင့်ရင်းနဲ့ မုဒိမ်းမှုတွေ ဖြစ်တာများပါတယ် အသက်မပြည့်တဲ့ခလေးကို အသက်ကြီးတဲ့လူက ပြစ်မှုကျူးလွန်တယ်ဘာညာကတော့ ရှိတော့ ရှိပါတယ် နည်းတယ်”လို့ ဆိုပါတယ်။

ကိုဗစ်ကာလမှာတော့ မွန်ပြည်နယ်အတွင်း အိမ်တွင်းအကြမ်းဖက်မှု မြင့်တက်ခဲ့သလို သက်ငယ်မုဒိမ်းမှုတွေလည်း အဖြစ်များခဲ့တယ်လို့ အမျိုးသမီးအရေးဆောင်ရွက်နေသူတွေက သုံးသပ်ထားပါတယ်။

“အဓိက စီးပွားရေးပေါ့ ။ စီးပွားရေး အဆင်မပြေတဲ့အခါ အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်လာတယ်။ဒီအခြေအနေတွေမှာ သက်ငယ်မုဒိန်းတွေကလည်း ပိုများလာတယ်။အခုနှစ်သစ်မှာတင်ပဲ သက်ငယ်မုဒိန်း နှစ်မှုက အစောကြီး ဖြစ်နေပြီး”လို့ မေတ္တာဆုံစည်းအရပ်ဘက်အဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါ်သီသီနွယ်က ပြောပါတယ်။

မွန်အမျိုးသမီးအဖွဲ့မှ ကောက်ယူထားတဲ့ စာရင်းတွေအရဆိုရင် အရင်က safe house မှာ အကူညီလာရောက် တောင်းခံတဲ့ အမျိုးသမီး တစ်လကို (၁၀) ဦးဝန်းကျင်သာ ရှိပေမယ့် ကိုဗစ်ကာလမှာတော့ (၃၀) ဦးဝန်းကျင်အထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ ကိုဗစ်ကာလမှာ အမှုအခင်းတွက် ဆောင်ရွက်ရာမှာ သက်ဆိုင်ရာဌာနတွေက ဝန်ဆောင်မှုပေးတာ အတော်အားနည်းတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက ပြောဆိုထားပါတယ်။

 

September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...
ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...