ပင်လုံ ကတိကဝတ်များ ဖော်ဆောင်ရန် ကချင်လူငယ်များ တိုက်တွန်း

ပင်လုံ ကတိကဝတ်များ ဖော်ဆောင်ရန် ကချင်လူငယ်များ တိုက်တွန်း

ပင်လုံစာချုပ်ပါ ကတိကဝတ်များအရ ဒီမိုကရေစီ၊ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်သည့် ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲပြဌာန်းရေးတို့ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် ကချင်ပြည်နယ်ရှိ လူငယ်အဖွဲ့ များက သက်ဆိုင်ရာ အဖွဲ့အစည်းများကို တိုက်တွန်းတောင်းဆိုလိုက်သည်။

ဇန္နဝါရီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ကချင်ပြည်နယ်နေ့တွင် ကချင်ပြည်နယ်အတွင်းရှိ ကချင်လူ ငယ်အဖွဲ့ ၆ ဖွဲ့က ထုတ်ပြန်သည့် သဘောထား ထုတ်ပြန်ချက်ထဲတွင် အဆိုပါ အချက်ကို ထည့်သွင်းတောင်း ဆိုထားခြင်းဖြစ်သည်။

ကချင်လူငယ် ၆ ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည့် NDEN Debate Society အဖွဲ့မှ အလုပ်အဖွဲ့ အဖွဲ့ဝင် ကိုဖန်းဂျာဘရန်က “ကျနော်တို့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုး ခဲ့တဲ့အချိန် တန်းတူရေး၊ ကိုယ်ပိုင်ပြ ဌာန်းခွင့်ပေါ့ ဒီမိုကရေစီနဲ့ ဒါကို ကျနော်တို့ အခုထက်ထိ အပြည့်အ၀ အကောင်အထည် မဖော်နိုင်သေး လို့ပေါ့။ ကျနော်တို့က အခုက ကျနော်တို့က ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံနေတဲ့ ပြည်ထောင်စုကို သွားနေတဲ့အတွက် ကျနော်တို့အတွက် ပြည်နယ် ဖွဲ့စည်းပုံက ကျနော်တို့အတွက် အဓိကအရေးကြီးတဲ့ ဟာပေါ့” ဟု ပြောသည်။

ပင်လုံကတိကဝတ်ကို အကောင်အထည် မဖော်ခဲ့သည့်အတွက် လွတ်လပ်ရေးနှင့်တကွ ပေါက်ဖွား လာ သော နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ကြီးနှင့် စစ်အာဏာရှင် စနစ်တို့ကြောင့် ယနေ့တိုင် ကချင်ပြည် နယ်သူ/သား များသာမက နိုင်ငံတော် တဝန်းလုံးရှိ ပြည်သူအားလုံး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာ ရေးနှင့် ကျန်းမာရေး စသည့် အခန်းကဏ္ဍ အသီးသီးတွင် ပြဿနာ မျိုးစုံဖြင့် ရင်ဆိုင်ခံစား လျက်ရှိသည် ဟု လူငယ်များက ဆိုသည်။

ထို့ကြောင့် ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲပြဌာန်းနိုင်မှသာ နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွားနေသည့် ပြည်တွင်းစစ် ပြ ဿနာကို ဖြေရှင်းနိုင်မည်ဟု ခံစားရသည့်အတွက် ထုတ်ပြန်ချက်ထဲတွင် ထို့သို့ ထည့်သွင်း တောင်းဆို ရ ခြင်း ဖြစ်သည်ဟု ဆက်ပြောသည်။

“ဒီအာဏာ ခွဲဝေတဲ့ နေရာမှာ ကျနော်တို့ ကောင်းကောင်းလေး ပြည်နယ်နှင့် တိုင်းဒေသကြီး ဗဟိုပေါ့။ ဒီလို မျိုး သီးသန့် သီးသီးခြားခြား နဲ့ ဒီလိုမျိုးအာဏာကို ထားရှိစေချင်တယ်။ ပြီးတော့ ဒီ ပြည်နယ်ဖွဲ့ စည်းပုံလိုချင် တာက ကျနော်တို့ ကိုယ်ပိုင် ကျနော်တို့ရဲ့ ပြည်ကို ကျနော်တို့ ကိုယ်တိုင် စီမံခန့်ခွဲမယ်ပေါ့ ဆိုတော့ ကျနော် တို့ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုကို အခြေခံသွားတဲ့နေရာမှာ ဒါက မရှိမဖြစ် အရေးကြီးတဲ့အရာ ပေါ့ ကျနော်တို့ ဒီပြဿနာ ဖြေရှင်းတယ်။ ကျနော်တို့ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့ ဒီပြဿနာ ဖြေရှင်းဖို့ရန် အတွက် အဓိက တစ်ခုဖြစ်တယ်ဆိုပြီးမှ ခံစားပြီးမှ ကျနော်တို့ ထည့်သွင်းပြီးမှ တောင်း ဆိုထားတဲ့ဟာပေါ့” ဟု ကိုဖန်းဂျာဘရန် က ပြောသည်။

ဇန္နဝါရီလ ၁၀ ရက်နေ့က ကချင်လူငယ် ၆ ဖွဲ့၏ သဘောထား ထုတ်ပြန်ချက်ထဲတွင် ကျွန်ုပ်တို့ ခံစား နေရ သော ဤနိုင်ငံရေး ပြဿနာ ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းနိုင်ဖို့ရန်နှင့် စစ်မှန်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီ စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေဖို့ရန် ပင်လုံစာချုပ်အရ ကျွန်ုပ်တို့၏ ဘိုးဘေးများ ကတိကဝတ်ပြုခဲ့သော ဒီမိုကရေစီ၊ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်သည့် ပြည်နယ် ဖွဲ့စည်းပုံ ရေး ဆွဲပြဌာန်းရေးတို့ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကို အလေးအနက်တိုက်တွန်းလိုပါသည်ဟု ပါရှိသည်။

 

ထို့အပြင် ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင့်တော်ကို ၁၉၄၇ ခုနှစ်တွင် ပင်လုံစာချုပ်အားဖြင့် တည် ထောင်ခဲ့ကြပြီး ၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက်တွင် ကိုလိုနီ လက်အောက်မှ လွတ်လပ်ရေးကို အတူတကွ ရယူခဲ့ကြကြောင်း၊ လွတ်လပ်ရေး ရယူပြီး ၆ ရက်အကြာ ဇန္နဝါရီ ၁၀ ရက်နေ့ကို ကချင်ပြည်နယ်နေ့ အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ကြကြောင်း၊ ဤကဲ့သို့ ကချင်ပြည်နယ်နေ့ ဟူ၍ သမိုင်းကြောင်းများ မရှိခဲ့လျှင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဟူ၍လည်း ဖြစ်လာမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြ ထားသည်။

ထို့ကြောင့် သမိုင်းကြောင်းအရ လွတ်လပ်ရေးကို အတူတကွ ရယူခဲ့သော ကချင်ပြည်နယ်ကြီး၏ နေ့ထူးနေ့ မြတ်ဖြစ်သော ကချင်ပြည်နယ်နေ့ကို ကချင်ပြည်နယ်အတွင်း အများပြည်သူဆိုင်ရာ အားလပ်ရက်(သို့) ရုံး ပိတ်ရက်အဖြစ် သတ်မှတ်ပေးရန်လည်း လူငယ်များက တိုက်တွန်းထားသည်။

ကိုဖန်းဂျာဘရန်က “ဒါကတော့ ၁၉၄၈ မှာတော့ ကျနော်တို့ လွတ်လပ်ရေး ရတဲ့အခါမှာ ပထမဆုံးသမ္မတ ကိုယ်တိုင်ကနေ ပြီးမှ ဒီကချင်ပြည်နယ်ကိုပေါ့ ကချင်ပြည်နယ်နေ့အဖြစ် သူတို့က တရားဝင် သတ်မှတ် ပေးခဲ့တာပေါ့။ သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင် ဆိုတော့ ကျနော်တို့အတွက်တော့ ကချင်ပြည်နယ် လာဖြစ်တဲ့ အချိန်လည်း ကချင်ပြည်နယ်သူ ပြည်နယ်သား အားလုံးအတွက်တော့ ဒါဟာ ရက်ကြီး အခါ ကြီးရက်ပေါ့။ ဆိုတော့ ဒီအတွက် ကျနော်တို့အတွက် ဒီကချင်ပြည်နယ်မှာ အားလပ်ရက် ရုံးပိတ်ရက်ပေါ့ အဖြစ်မှ ပြဌာန်းပေးဖို့ပေါ့ တောင်းဆိုထားတာ ဖြစ်တယ်ပေါ့” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲပြဌာန်းရေးတို့ကို အမြန်ဆုံး အကောင်အထည်ဖော်ပေး ရန် နှင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍအသီးသီးတွင် လူငယ်များကို ကန့်သတ်ချုပ်ချယ်မှု မရှိစေ ဘဲ နေရာပေးလုပ်ဆောင်စေခြင်း၊ စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် ဆွေးနွေးပူးပေါင်း ပါဝင်စေခြင်းအပြင် ဆုံး ဖြတ်ချက် ချမှတ်ရာနေရာများတွင်လည်း အခွင့်အရေးနှင့် အခွင့်အလမ်းများကို ပို၍ ထိရောက်စွာ ဖန်တီး လုပ်ဆောင်ပေးရန် တိုက်တွန်းထားသည့် အချက်များ အပါအဝင် အစရှိသည့် အချက် ၉ ချက်ကို ကချင်လူ ငယ် ၆ ဖွဲ့၏ ထုတ်ပြန် ချက်ထဲတွင် တွေ့ရသည်။

ထို ကချင်လူငယ် ၆ ဖွဲ့မှာ ကချင်ပြည်နယ် လူငယ်ရေးရာ ကော်မတီ (KSYC)၊ ကချင်အမျိုးသား လူငယ်များ အဖွဲ့ကွန်ရက်( KNYN) ၊ All Kachin Youth Union ၊ Ram Hkye (Youth Rescue)၊ တက္ကသိုလ်များ ကချင် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ချုပ်( JLH-Federation)၊ NDEN Debate Society တို့ ဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...