BGF တပ်နယ် ၄ တပ်မှူး ဗိုလ်မှူးစောမုတ်သုန် နုတ်ထွက်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူနှင့် တပ်မှူးတစ်ဦး နုတ်ထွက်ရန် ဖိအားပေးခံနေရ

BGF တပ်နယ် ၄ တပ်မှူး ဗိုလ်မှူးစောမုတ်သုန် နုတ်ထွက်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူနှင့် တပ်မှူးတစ်ဦး နုတ်ထွက်ရန် ဖိအားပေးခံနေရ

နေနော် — ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် -BGF မှ တပ်နယ် ၄ တပ်မှူးနှင့် ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန် နုတ်ထွက်စာတင်ထားပြီး ၎င်းအပြင် နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ အပါ အဝင် တပ်မှူး ၁ ဦးအား နုတ်ထွက်စာတင်ရန် တပ်မတော်ဘက်က ဖိအားပေးခံနေရကြောင်း အမည်မ ဖော်လိုသူ BGF အရာရှိတစ်ဦး၏ ပြောကြားမှုမှ သိရသည်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် BGF မှ တပ်နယ် ၄ တပ်နယ်မှူးနှင့် ၁၀၂၂ တပ်ရင်းမှူးဖြစ်သော ဗိုလ်မှူး စောမုတ်သုန် နုတ်ထွက်စာတင်သည့်သတင်း ယနေ့ (ဇန်နဝါရီလ ၉ ရက် ) နံနက်ပိုင်းက လူမှုကွန်ယက် စာမျက်နှာများတွင် ပြန့်နှံ့လာခဲ့မှုနှင့်ပတ်သက်၍ နယ်ခြားစောင့်တပ် BGF မှ အမည်မဖော်လိုသူ အရာရှိ တစ်ဦးအား ကေအိုင်စီက မေးမြန်းရာမှာ ယခုလို ပြောသည်။

“ နယ်ခြားစောင့်တပ် BGF တပ်နယ် ၄ နှင့် ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မှူး စောမုတ်သုန် ဇန်နဝါရီ ၈ ရက်နေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းရုံးမှာ နုတ်ထွက်စာတင်ခဲ့တာပါ။”ဟု ၎င်း BGF အရာရှိက အတည်ပြု ပြောသည်။

ထို့အပြင် တပ်မတော်ဘက်ကနေ နယ်ခြားစောင့်တပ် -BGF မှ ဗိုလ်မှူး စောမုတ်သုန်အပါအဝင် ကရင်ပြည် နယ် နယ်ခြားစောင့်တပ် အထွေအထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနှင့် တပ်နယ် -၂ မှ ဗိုလ်မှူး စောတင် ဝင်းတို့ကိုလည်း နုတ်ထွက်စာတင်ရန် ဖိအားပေးမှုရှိနေကြောင်းလည်း ၎င်းအမည်မဖော်လိုသူ BGF အရာရှိက ဆက်ပြောသည်။

လက်ရှိမြဝတီမြို့တွင် တပ်မတော်မှ မြို့တွင်း မြို့ပြင် နေရာအတော်များများတွင် လုံခြုံရေးယူထားပြီး အထက် ပါဖြစ်စဉ်နှင့် ပတ်သက်၍ မကျေလည်မှုများရှိလာနိုင်ပြီး ဒေသတွင်းတည်ငြိမ်မှု ပျက်ပြားသွားမည်ကို မြို့နေပြည် သူများက စိုးရိမ်လျက်ရှိနေသည်။

“ဒီအချိန်က ရွေးကောက်ပွဲအလွန် အစိုးရအကူးအပြောင်း ကြားကာလဖြစ်တဲ့အတွက် နိုင်ငံရေးတည်ငြိမ်မှုရှိဖို့ အထူးလိုအပ်ပါတယ်။ ယခုလို လက်နက်ကိုင်အချင်းချင်းကြား တင်းမာမှုဖြစ်လာပြီး နိုင်ငံရေးမတည်မငြိမ် ဖြစ်လာ မှာကို စိုးရိမ်မိတယ်”ဟု မြဝတီမြို့ခံ ဦးမျိုးဇော်က ပြောသည်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ကို ပြီးခဲ့သည့် ၂၀၁ဝ ခုနှစ်၊ သြဂုတ်လတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA မှ တပ်ရင်း ၁၂ ရင်း ၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့(KPF)အဖွဲ့မှ တပ်ရင်း ၁ ရင်းဖြင့် နယ်ခြားစောင့်တပ် (BGF) အဖြစ်သို့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၃,ဝဝဝ ကျော်ရှိသည်ဟု ခန့်မှန်းပြောဆိုကြသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...