ဖိအားပေးမှုများကြောင့် ကန်ကြီးဒေါင့် ဘဲဂရက်ကျေးရွာရှိ စောဘဦးကြီးရုပ်ထု ဖြုတ်ချလိုက်ရ

ဖိအားပေးမှုများကြောင့် ကန်ကြီးဒေါင့် ဘဲဂရက်ကျေးရွာရှိ စောဘဦးကြီးရုပ်ထု ဖြုတ်ချလိုက်ရ

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ကျေးရွာတွင်စိုက်ထူထားသည့် ကရင်အမျိုးသားခေါင်း ဆောင်စောဘဦးကြီးအထိမ်းအမှတ်ကြေးရုပ်ထုကို အာဏာပိုင်များ၏ ဖိအားပေးမှုများကြောင့် ယနေ့ (ဇန်နဝါရီ လ ၃ ရက်) ညနေခန့်က ဖြုတ်ချလိုက်ရပြီဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက်များအရ သိရသည်။

ကရင်အမျိုးသားခေါင်းဆောင် စောဘဦး၏ အထိမ်းအမှတ်အဖြစ် ၎င်း၏မွေးရပ်ဇာတိဖြစ်သည့် ဘဲဂရက်ကျေး ရွာတွင် ပြီးခဲ့သည့် သြဂုတ်လတွင် စိုက်ထူခဲ့ခြင်းဖြစ်ပြီး စိုက်ထူပြီး ၄ လအကြာတွင် အာဏာပိုင်များ၏ ဖိအား ပေးမှုများကြောင့် ယခုလိုဖြုတ်ချလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ ဒီညနေပဲဖြုတ်လိုက်ရတယ်။ စရဖတွေက တစ်ခေါက်ပြီးတစ်ခေါက် ခေါ်ပြီးဖိအားပေးတာပေါ့။ ဒီရုပ်ထုက ဘယ်သူလုပ်တာလဲ။ ဘာကြောင့်လုပ်တာလဲ စသဖြင့်ပေါ့။ ရုပ်ထုကိုပြန်ဖြုတ်ပေးဖို့ပေါ့။ တိုင်းအဆင့်က နေ ညွှန်ကြားတာလို့တော့ သိရတယ်။ မဖြုတ်ဘူးဆိုရင်လည်း တစ်ဆင့်တက်ပြီး အရေးယူမှုတွေ လုပ်လာမှာစိုး ရိမ်တဲ့အတွက် ဖြုတ်ချလိုက်ရတယ်။ သူတို့ကိုယ်တိုင်တော့ လာဖြုတ်မရဲဘူး” ဟု ဒေသခံတစ်ဦး က ပြော သည်။

စောဘဦးကြီး၏ ကိုယ်တစ်ပိုင်ပုံတူကြေးရုပ်ထုကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တွဲဘက်အထွေ ထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၏ စီစဉ်မှုဖြင့် ပြီးခဲ့သည့်သြဂုတ်လက စိုက်ထူးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...