မြန်မာအပေါ် လူ့အခွင့်အရေးဆိုင်ရာ ကုလ အဆိုမူကြမ်း တရုတ်နှင့် ရုရှား ကန့်ကွက်

မြန်မာအပေါ် လူ့အခွင့်အရေးဆိုင်ရာ ကုလ အဆိုမူကြမ်း တရုတ်နှင့် ရုရှား ကန့်ကွက်

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ရိုဟင်ဂျာ မွတ်စလင် (မူရင်း) နှင့် အခြား လူနည်းစု တိုင်းရင်းသားများ အပေါ် လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ အဆိုပြုချက် မူကြမ်းကို တရုတ်နှင့် ရုရှားနိုင်ငံတို့က ကန့်ကွက်ခဲ့ပြီး အိန္ဒိယ၊ ဂျပန် အပါအဝင် နိုင်ငံတချို့က ကြားနေခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်မည့် အဆိုပြုချက် မူကြမ်းနှင့် ပတ်သက်၍ ရုရှား၊ တရုတ်၊ ဘယ်လာရုစ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဇင်ဘာဘွေနှင့် မြန်မာနိုင်ငံ ကိုယ်တိုင် အပါအဝင် ကိုးနိုင်ငံက ကန့်ကွက်သော်လည်း အခြား နိုင်ငံ ၁၃၀ ၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့သည်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နှင့် ဥရောပ သမဂ္ဂတို့ ပူးပေါင်း တင်သွင်းသည့် အဆိုပြုချက် မူကြမ်းကို (၇၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မတိုင်ခင် ဒီဇင်ဘာလ ၃၁ ရက်နေ့က တင်ခဲ့ခြင်း ဖြစ်သည်။  

အဆိုပြုချက် မူကြမ်းကို ရိုဟင်ဂျာ (မူရင်း) ဒုက္ခသည်များကို လက်ခံထားသည့် ဘင်္ဂလားဒေ့ရှိကလည်း ထောက်ခံခဲ့သည်။ အိန္ဒိယ၊ ဂျပန်၊ သီရိလင်္ကာနှင့် စင်ကာပူ အပါအဝင် နိုင်ငံ ၂၆ နိုင်ငံက ကြားနေမဲ ပေးခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံက မြန်မာအစိုးရနှင့် စစ်ဘက်၊ အရပ်ဘက် အဆင့်မြင့်အရာရှိ အဆင့်အထိ အဆင့်တိုင်းတွင် ညှိနှိုင်း ဆွေးနွေးနေကြောင်း မကြာသေးခင်က ထုတ်ပြန်ခဲ့သည်။

ဂျပန်နိုင်ငံအနေဖြင့်လည်း မွတ်စလင် ဒုက္ခသည်အရေးတွင် ပါဝင်ကူညီဖြေရှင်းရန် မြန်မာအစိုးရ ထိပ်တန်း တာဝန်ရှိသူများ၊ တပ်မတော်ဆိုင်ရာ ထိပ်တန်းအရာရှိကြီးများနှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီတို နာအိုကီက United News of Bangladesh သတင်းဌာနသို့ ပြောထားသည်။

တရုတ်နိုင်ငံသည်လည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့နှင့် ပူးပေါင်းပြီး မွတ်စလင် ဒုက္ခသည်အရေး သုံးပွင့်ဆိုင် ဆွေးနွေး အဖြေရှာရန် လုပ်ဆောင်နေသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပြုချက် မူကြမ်းသည် OIC နှင့် ဥရောပ သမဂ္ဂတို့ ပူးပေါင်းကာ ပုံဖျက်ထားသော၊ လွဲမှားစွာ ပုံဖော်ထားသော၊ နိုင်ငံရေးဇာတ် သွင်းထားသည့် ဆုံးဖြတ်ချက် ဖြစ်သည်ဟုဆိုကာ ပယ်ချခဲ့သည်။

လူ့အခွင့်အရေးအပေါ် အမြတ်ထုတ်မှုနှင့် လူ့အခွင့်အရေး တံဆိပ်ကပ်ပြီး ကုလသမဂ္ဂ ယန္တရားကို အလွဲသုံးရန် ကြိုးပမ်းမှုအပေါ်  လက်ခံမည် မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း တုံ့ပြန်ထားသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...