တောင်ကုတ်မြို့တွင် အမှိုက်ပုံနေရာပြောင်းရွှေ့ပေးဖို့ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံများလိုလား

တောင်ကုတ်မြို့တွင် အမှိုက်ပုံနေရာပြောင်းရွှေ့ပေးဖို့ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံများလိုလား

အောင်ကောင်းဇော် — တောင်ကုတ်မြို့ပေါ်မှ ထွက်ရှိသမျှ အမှိုက်များနှင့် စွန့်ပစ်ပစ္စည်းများစွန့်ပစ်သည့် ကြိုးကြာကွင်းကျေးရွာအနီးရှိ အမှိုက်ပုံနေရာကို အခြားလွတ်ကင်းရာနေရာသို့ ပြောင်းရွှေ့ပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံများက လိုလားနေကြသည်။

အမှိုက်ပုံနေရာမှာ တောင်ကုတ်မြို့အဝင် ကြိုးကြာကွင်းကျေးရွာနှင့် ၂ ဖာလုံခန့်အကွာတွင် တည်ရှိကြောင်း သိရပြီး အမှိုက်ပုံကို မီးတိုက်မှုကြောင့်လည်း အနီးအနားရှိ ဒေသခံများမှာ ညှော်နံ့များဆိုးရွားစွာ ခံစားနေကြရသည့်အတွက် လွတ်ကင်းရာတစ်နေရာသို့ ပြောင်းရွှေ့ပေးစေလိုကြောင်း ကြိုးကြာကွင်းကျေးရွာ ဒေသခံ ကိုဇော်လင်းနိုင်က တောင်းဆိုသည်။

“အခု မီးလောင်တာက နိုဝင်ဘာလ နောက်ဆုံးအပတ်လောက်ကပင် မီးလောင်တာ။ ရက်ပေါင်း ၁၀ ဆယ်ကျော်နေပြီးပေါ့။ ကျနော်တို့ ရွာနှင့် ၂ ဖာလုံလောက်ဝေးတယ်။ အမှိုက်က တောင်ပေါ်မှာ ကျနော်တို့ ရွာက အောက်မှာပေါ့။ ဒါကြောင့် အခုလို မီးရှို့တာတို့ ဘာတို့ မလုပ်စေချင်ဘူး။ ပြီးတော့ ညှော်နံ့က နေ့လယ်မလာဘူး။ မနက်နဲ့ညဆို အရမ်းညှော်တယ်။ ဒါကြောင့် နေရာကိုလည်း ပြောင်းစေချင်တယ်ဟု” သူက ပြောသည်။

အဆိုပါ အမှိုက်ပုံနေရာကို အစိုးရအနေဖြင့် ၂၀၁၉ ခုနှစ်က အမှိုက်မပစ်ရနေရာအဖြစ် သတ်မှတ်ခဲ့သော်လည်း ယခု ၂၀၂၀ ခုနှစ်တွင် မြို့သူမြို့သားများက ပြန်လည်အမှိုက်စွန့်ပစ်ကြသည့်အတွက် ပြောင်းရွှေ့ပစ်ဖို့ လိုကြောင်း တောင်ကုတ်လူငယ်ကွန်ယက် ပြောရေးဆိုခွင့်ရှိသူ ကိုမင်းကိုဦးက ပြောသည်။

“အမှိုက်ပုံကတော့ ပြောင်းဖို့လိုတယ်။ ဒီနေရာက မြို့နဲ့လည်း နီးတယ်ဆိုတော့၊ ပြီးတော့ တောင်ကုတ်မြို့က အမှိုက်ပုံလိုဖြစ်နေတာ။ ပြည်သူတွေကလည်း စည်းကမ်းမရှိဘူး။ အစိုးရကလည်း တာဝန်ယူမှုနည်းတယ်ဆိုတော့ ဒီနေရာမှာ အမှိုက်ပစ်တာ မသင့်တော်ဘူးဆို ဒါအမှန်ပဲ။ မြို့နဲ့လည်း နီးနေတယ်ဆိုတော့ လေထုညစ်ညမ်းမှုတွေလည်းဖြစ်တယ်” ဟု သူကပြောသည်။

တောင်ကုတ်မြို့အနေဖြင့် အမှိုက်ကင်းစင်ရေး များများလုပ်ဆောင်မည်ဆိုလျှင် ပြည်သူလူထုကို အမှိုက်ကင်းစင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ဖို့လိုအပ်သလို အမှိုက်ပုံးများကိုလည်း လုံလောက်စွာ ချပေးဖို့လိုအပ်ကြောင်း သူကဆက်လက်ပြောဆိုသည်။

တောင်ကုတ်ဒေသခံများအနေဖြင့် အမှိုက်ပုံကိုပြောင်းရွှေ့စေလိုခြင်းနှင့်ပတ်သက်၍ တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ  ဦးဖိုးကျော့ကို DMG သတင်းဌာနမှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်းမရှိပါ။

Photo - ခိုင်ရာဇာထူး

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...