ယခုနှစ်ရွေးကောက်ပွဲ တိုင်းရင်းသားပါတီငယ်များ ကန့်သတ်ခံခဲ့ရဟု ရှမ်းတောင်လေ့လာစောင့်ကြည့်ရေးအဖွဲ့ဆို

ယခုနှစ်ရွေးကောက်ပွဲ တိုင်းရင်းသားပါတီငယ်များ ကန့်သတ်ခံခဲ့ရဟု ရှမ်းတောင်လေ့လာစောင့်ကြည့်ရေးအဖွဲ့ဆို

ယိင်းတိုင်း — ယခုနှစ်ရွေးကောက်ပွဲတွင် ပြည်နည်အခြေပြု တိုင်းရင်းသားပါတီများ တန်းတူယှဉ်ပြိုင်ခွင့်မရှိဘဲ ကန့်သတ်ခံခဲ့ရကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းဒါရိုက်တာ ဒေါ်နန်းဝါနုက ဒီဇင်ဘာ ၉ ရက်တွင်ပြောသည်။

“ကိုဗစ်ပတ်သက်ပြီး တားမြစ်ချက်တွေက တိုင်းရင်းသားပါတီငယ်တွေကို ကန့်သတ်ထားသလိုဖြစ်တာပေါ့။ အယောက် ၂၀ ထက်ပိုမစုရ ၃၀ ထက် ပိုမစုရကိစ္စတွေက ပါတီငယ်တွေအတွက်ပဲ ကန့်သတ်ထားသလိုဖြစ်ပြီး လက်ရှိအာဏာနရပါတီနဲ့ ပြည်မပါတီကြီးတွေကျတော့ လူတွေရာနဲ့ချီ၊ ထောင်နဲ့ချီစုဝေးနေကြတာတွေ မြင်တွေ့ခဲ့ရပါတယ်” ဟု ၎င်းကပြောသည်။

မဲဆွယ်စည်းရုံးသည့် ကာလတွင်လည်း တိုင်းရင်းသားပါတီငယ်များမှ Mask များသာထောက်ပံ့ပေးနိုင်ချိန် လက်ရှိအာဏာရပါတီအနေဖြင့် မဲဆွယ်စည်းရုံးရေးနောက်တွင် ပြည်သူများကို ပြည်နယ်စားနပ်ရိက္ခာအဖွဲ့များက လိုက်လံထောက်ပံ့သည်ကို တွေ့မြင်ခဲ့ရကြောင်း ၎င်းကဆိုသည် ။

ယင်းလုပ်ဆောင်ချက်များသည် တစ်ပါတီ စနစ်ကိုသွားနေသကဲ့သို့ဖြစ်စေပြီး လက်နက်ကိုင် ဖြေရှင်းခြင်းကို သွယ် ဝိုက်အားပေးရာကျကြောင်း ၊ တိုင်းရင်းသားပါတီများ လွှတ်တော်အတွင်း မရောက်စေရေးအတွက် ပယ်ချခံရမှုများ ဖြစ်လာစေပြီး လက်နက်ကိုင်ဓလေ့ နှင့် ခွဲထွက်ခြင်းကို ပိုမိုမြင့်မားလာစေရန် တစ်ဖက်လှည့်ဖြင့် လှုံ့ဆော်ပေး ရာရောက်သည်ဟု နန်းဝါနုက သုံးသပ်သည် ။

ရှမ်းတောင်ရှိ တစ်ချို့သော ပြည်သူ့စစ်အဖွဲ့များ နှင့် တိုင်းရင်းသားလက်နက်ကိုင် ဒေသတွင် COVID ရောဂါအခြေ အနေများ အကြောင်းပြု၍ ဒေသတွင် ပါတီများ ဝင်ထွက်ခွင့်ကို ကန့်သတ်ခဲ့ပြီး  တစ်ချို့သော နေရာများတွင် မြန်မာ့တပ်မတော်ကပါ တားဆီးပိတ်ပင်မှုများရှိခဲ့ကြောင်း ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းမှ သိရသည် ။

ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းနှင့် ရှမ်းတောင်အရပ်ဖက် အဖွဲ့အစည်းရှစ်ဖွဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲ အကြို ၊ ရွေးကောက်ပွဲနေ့ နှင့် ရွေးကောက်ပွဲအလွန် ကာလများကို စောင့်ကြည့်လေ့လာလျက်ရှိပြီး ရှမ်းတောင်တွင် တောင်ကြီး၊ ဆီဆိုင် ၊ ဟိုပုံး ၊ ပင်လောင်း ၊ ကလော ၊ရပ်စောက် ၊ပင်းတယ ၊ရွာငံ ၊ နမ့်စန် ၊ မိုးနဲ ၊ လင်းခေး၊ ကျေးသီး ၊ ကွန်ဟိန်းဟူသောမြို့နယ် ၁၃ မြို့နယ် အား ပြည်နယ်ရွေးကောက်ပွဲကော်မရှင်တွင် တရားဝင် ခွင့်ပြုချက်ရယူ၍ စောင့်ကြည့်လေ့လာခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။

အဆိုပါ လေ့လာစောင့်ကြည့်ရေးအဖွဲ့အနေဖြင့် အဆိုပါမြို့နယ်များတွင် တွေ့ရှိချက်များကို ဒီဇင်ဘာနောက်ဆုံး အပါတ်တွင် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ အစီရင်ခံစာများပေးပို့သွားမည်ဟု ဆိုသည် ။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...