တရားမဝင်လိုင်စင်မဲ့မော်တော်ယာဉ် သိုလှောင်ထားမှုကို ဆက်လက်ဖမ်းဆီး၊ နှစ်ရက်အတွင်း ၁၄၇ စီး ဖမ်းဆီးရမိ

တရားမဝင်လိုင်စင်မဲ့မော်တော်ယာဉ် သိုလှောင်ထားမှုကို ဆက်လက်ဖမ်းဆီး၊ နှစ်ရက်အတွင်း ၁၄၇ စီး ဖမ်းဆီးရမိ

နေနော် — မြဝတီမြို့တွင် ထိုင်းနိုင်ငံဘက်ခြမ်းမှ သောင်ရင်းမြစ်အား တရားမဝင်ခိုးကူးထားသည့် မော် တော်ယာဉ်များကို သက်ဆိုင်ရာက ယနေ့ ဖမ်းဆီးမှုများဆက်လက်ပြုလုပ်ခဲ့ရာ လိုင်စင်မဲ့မော် တော်ယာဉ်နှင့် ဘက်ဟိုးစက်များအပါအဝင် နှစ်ရက်အတွင်း စုစုပေါင်း ၁၄၇ စီး ဖမ်းဆီးရမိခဲ့ ကြောင်း ရဲသတင်းအရ သိရသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့မွန်းလွဲ၊ ၃နာရီအချိန်က မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး ပြည့်စုံနှင့်ရဲတပ်ဖွဲ့ ဝင်များ၊ မြဝတီရှေ့တန်းမှူး အမှတ် ၃၁ဝ ခြေမြန်တပ်ရင်းမှတပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးသန်း ဝင်းနိုင်ဦးဆောင်သည့်တပ်မတော်သားများနှင့် သက်ဆိုင်ရာ ဆယ်အိမ်မှူးရာအိမ်မှူးများ ပါဝင် သောပူးပေါင်း အဖွဲ့သည် အကောက်ခွန်မဲ့မော်တော်ယာဉ်များသိုလှောင်ထားသော ဂိုဒောင် များနှင့် ခြံဝင်းများအတွင်းလိုက်လံဝင်ရောက်ရှာဖွေပြီးလိုင်စင် မဲ့မော်တော်ယာဉ် ၇၇ စီးကိုဖမ်းဆီးသိမ်းဆည်းခဲ့သည်။

ထို့နောက် ယနေ့ (ဒီဇင်ဘာလ ၁၂ ရက်) နံနက် ၁၁ နာရီအချိန်၌ အမှတ်(၄)ရပ်ကွက်၊ ချစ် ကြည်ရေးလမ်း၊ မင်းပြည့်စုံကုမ္ပဏီအနီးရှိ ပိုင်ရှင်ဦးအိမိုင်ခြံဝင်းအား ဝင်ရောက်ရှာဖွေရာ ယာဉ် ငယ်မျိုးစုံ ၁၉ စီး၊ ကရိန်းယာဉ် ၃စီး၊ မြေကြီးသယ်ယာဉ်(ဘတ်ဖိုး) ၇စီး၊ ဘိလပ်မြေ ဖျော်စက် (အုံးမွှေးလုံး) ၂ စီး၊ ဆီဘောက်ဆာယာဉ် ၃ စီး၊ ယာဉ်ကြီးမျိုးစုံ ၃၆ စီး၊ စုစုပေါင်း ၇ဝ စီးနှင့် ယာဉ်အခွံအလွတ် (ကောင်း) ၁၉ ခု၊ နောက်တွဲယာဉ်အလွတ် ၂ ခု၊ ဆီဘောက်ဆာကိုယ် ထည်အလွတ် ၂ ခု၊  အင်ဂျင်တုံး(အသေး)မျိုးစုံ ၃၈ လုံး၊ အင်ဂျင်တုံး(အကြီး)မျိုးစုံ ၁ဝ လုံး၊ ဖောက်ကလစ်ယာဉ်(ပစ္စည်းသယ်ယာဉ်) ၃ စီးတို့အား ထပ်မံသိမ်းဆည်းခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိပစ္စည်းများနှင့် ပတ်သက်၍ အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင် ရွက်နိုင်ရေးအတွက် မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...