ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ တွင် အနားယူဖွယ်ရှိ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ တွင် အနားယူဖွယ်ရှိ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ် (Thaka Trivune ဝက်ဆိုဒ်)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ် (Thaka Trivune ဝက်ဆိုဒ်)

စိုးသူအောင် — တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာမည့် ၂၀၂၁ ခုနှစ်ထဲတွင် အနားယူဖွယ်ရှိနေသည်။

နေပြည်တော်တွင် နိုဝင်ဘာ ၂၇ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် လာမည့် ၂၀၂၁ ခုနှစ်ထဲတွင် အသက် ၆၅ နှစ်ပြည့်တော့မည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူ၊ မယူနှင့် သက်တမ်း ထပ်တိုးရန် ရှိ၊ မရှိ မီဒီယာမှမေးမြန်းသည့်အပေါ်  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။  

“ကျွန်တော်သိသလောက်က ဒါနဲ့ပတ်သက်ပြီး အမိန့်ဆိုတာက ဥပဒေပိုင်းထဲမှာ အကျုံးဝင်တဲ့ဟာ ဖြစ်တယ်။ ဥပဒေသဘောမျိုးပဲ။ ဥပဒေကိုကျော်လွန် ဆောင်ရွက်စရာအကြောင်းမရှိပါဘူး” ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။  

ဗိုလ်ချုပ်မှူးကြီးသည် ၂၀၂၁ ခုနှစ် ဇူလိုင်လဆန်းတွင် အသက် ၆၅ နှစ် ပြည့်မည်ဖြစ်၍ အဆိုပါ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်မည်လားဟု သတင်းမီဒီယာက ထပ်မံမေးမြန်းရာမှာ “မှန်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေသည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူတော့မည်ဟု ယူဆရခြင်းဖြစ်သည်။  

သို့သော် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သက်တမ်းထပ်တိုး၊ မတိုးနှင့် ပတ်သက်၍ အစိုးရအခင်းအကျင်းအသစ် ပေါ်ထွက်လာပြီး နောက်မှသာ အတိအကျ ပြော၍ရမည်ဟုလည်း ၎င်းက ဆိုသည်။  

ကာကွယ်ရေးဌာနကောင်စီ (ကကန) က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အသက် ၆၅ နှစ်အထိ တာဝန်ထမ်းဆောင်နိုင်သည်ဟု ဖော်ပြထားသည်။  

အကယ်၍ ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားယူမည်ဆိုပါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အသစ်ကို တပ်မတော်၏ ရာထူးတိုးမြှင့်ရေး စည်းမျဉ်းစည်းကမ်းများအတိုင်း တင်မြှောက်ရမည် ဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။  

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သက်တမ်းကို ဖွဲ့စည်းပုံ ခြေခံဥပဒေထဲတွင်တိတိကျကျ သီးသန့်ထည့်သွင်း ပြဋ္ဌာန်းထားခြင်းမရှိဘဲ တပ်မတော် ဥပဒေများတွင်သာ ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။  

ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ် (Thaka Trivune ဝက်ဆိုဒ်)

Most read this week

ဓာတ်ပုံ - CJ
August 11, 2026
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာကို စစ်တပ်က ယနေ့ (ဩဂုတ်လ ၁၁ ရက်)...
August 11, 2026
အာဇာနည်ခေါင်းဆောင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားသည့် သမိုင်းဝင် တာမွေ အစ္စလာမ်...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း...
ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။
August 10, 2026
စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ...