AA ၏ ထုတ်ပြန်ချက်ကို တပ်မတော်ကြိုဆို

AA ၏ ထုတ်ပြန်ချက်ကို တပ်မတော်ကြိုဆို

ရက္ခိုင့်တပ်တော် ULA/AA ၏ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် ထုတ်ပြန်ချက်ကို တပ်မတော်က ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိနေသည့် နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ် နိုင်ရန် အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု တပ်မတော်က ထုတ်ပြန်ကြေညာလိုက်သည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ယနေ့တွင် ULA/AA က ရခိုင်ပြည်နယ် အတွင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ် နိုင်ခြင်း မရှိသည့် နယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ ကျင်းပနိုင်ရန် NLD နှင့် တပ်မတော်အား မေတ္တာရပ်ခံ တိုက်တွန်းထားသည့်အပေါ် တပ်မတော်က ကြိုဆို ကြောင်း ယနေ့တွင် ပြန်လည် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် “တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲနှင့် ပတ်သက်၍ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ဖြစ်စေရေး၊ မဲပေးပိုင်ခွင့်ရှိသူ အားလုံး သက် ဆိုင်ရာ မဲဆန္ဒနယ်အလိုက် မဲပေးနိုင်ရေး အလေးထားကြောင်း ဆန္ဒဖော်ပြသဘော ထားပြီဖြစ်ပါသည်။ ထို့ကြောင့် ULA/AA ၏ ယခုထုတ်ပြန်ချက်အား ကြိုဆိုပါကြောင်းနှင့် ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိနေ သည့် နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်သွားပါမည်” ဟု ဖော်ပြထားသည်။

ထို့အပြင် တပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်နယ်တွင်သာမက ရှမ်းပြည်နယ်ရှိ ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း မရှိသည့် နေရာများကိုလည်း ကြားဖြတ်ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပနိုင်ရန် တိုက်တွန်း ထားသည်။

တပ်မတော်က “ထို့အပြင် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်အတွင်း၌လည်း ကြားဖြတ်ရွေးကောက်ပွဲ အမြန် ကျင်းပနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားပါရန် တိုက်တွန်း အပ်ပါသည်” ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ရက္ခိုင်တပ်တော် ULA/AA အနေဖြင့်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လိုအပ်သည့် တည်ငြိမ်သော အခင်းအကျင်း အခြေအနေတစ်ခုကို ဖန်တီးရန်အတွက် နိုင်ငံတော် အစိုးရ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးတို့နှင့် သင့်တော် သလို ပံ့ပိုးကူညီဆောင်ရွက်သွားရန် ဆန္ဒရှိပါသည်ဟု ULA/AA ၏ ယနေ့ထုတ် ပြန်ချက်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း မရှိသည့် နယ်မြေအများစုမှ ပြည်သူ အများစုသည် မဲပေးခွင့် မရရှိသည့်အတွက် ပြည်သူ့အသံ  ကိုယ်စားပြုနိုင်သော ရွေးကောက်ခံ ကိုယ်စား လှယ် လောင်းများကို ဆုံးရှုံးခဲ့ရသကဲ့သို့ နိုင်ငံသား အခွင့်အရေး တိုင်းရင်းသား အခွင့်အရေးနှင့် ဒီမိုကရေစီ အခွင့်အရေးတို့ကို နစ်နာခဲ့ရသည်ဟု ULA/AA က ဆိုသည်။

ထိုအနေအထားများကြောင့် ULA/AA က နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိသည့် ရခိုင်ပြည်နယ်ရှိ နယ်မြေများကို ဒီဇငဘာလ ၃၁ ရက် မတိုင်ခင် ကြားဖြတ်ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပပေးရန် ထုတ်ပြန်ခဲ့ပြီး တပ်မတော်က အဆိုပါ ထုတ်ပြန် ချက်အပေါ် ကြိုဆိုကြောင်းနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟုဆိုသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပသည့်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် နယ်မြေမတည် မငြိမ်မှုကြောင့်သော်လည်း၊ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်ဟု ဆိုက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က စစ်ရေးပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက် ပိုင်းရှိ နယ်မြေတော်တော်များများနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ရွေးကောက်ပွဲ ကျင်းပခြင်း မပြု ခဲ့ပေ။

ထို့အပြင် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် အပါအဝင် အခြားနယ်မြေအချို့၊ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့ရှိ နယ်မြေအချို့ကို လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရန် မဖြစ် နိုင်ဟု ဆိုကာ ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း မရှိဟု သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် လက်ရှိ မဲစာရင်းများအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြည်နယ်နှင့် တိုင်းဒေသကြီးတော်တော်များများတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည့်အတွက် အစိုးရဖွဲ့နိုင်သည့် အနေ အထားတွင် ရှိနေသည်ဟု သိရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...