တပ်မတော်နှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် USDP ပါတီ တောင်းဆို

တပ်မတော်နှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် USDP ပါတီ တောင်းဆို

ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် တပ်မတော်နှင့် ပူးပေါင်း၍ ဘက်လိုက်မှုကင်းပြီး စည်းကမ်းကျနသည့်  ရွေးကောက်ပွဲ နောက်တစ်ကြိမ် ပြန်လည်ကျင်းပပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကတောင်းဆိုလိုက်သည်။

နိုဝင်ဘာလ ၁၁ရက်က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့တောင်းဆိုခြင်းဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲပေးပြီးနောက် နိုဝင်ဘာလ ၈ရက်တွင် မဲထပ်လာပေးသူများ ရှိခြင်း၊  တစ်နိုင်ငံလုံးမဲပေးခွင့်ရှိသူအရေအတွက်ထက် မဲလာပေးသည့်အရေအတွက် ပိုများနေခြင်း စသည့် အချက်များ အပြင် အခြား ရွေးကောက်ပွဲဆိုင်ရာ သတ်မှတ်ချက်များကို ချိုးဖောက်သည့် အချက်အလက်များကို ဆလိုက်ရှိုးဖြင့် ပြသခြင်း လူသက်သေ ၃ ဦး သတင်းစာရှင်းလင်းပွဲတွင် လာရောက်ရှင်းလင်းခြင်း တို့ကို သတင်းစာ ရှင်းလင်းပွဲတွင် ချပြခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အားနည်း ချက်များ၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ချိုးဖောက်မှုများ ရှိသဖြင့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ကန့်ကွက်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကလည်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများကို ပုံစံ ၁၉ လက်မှတ်မထိုးရန် ညွှန်ကြားထားကြောင်း RFA နှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် တိုင်းဒေသကြီးနှင့် ပြည်နယ် မဲစာရင်းရေတွက်မှုများအရ တိုင်းဒေသကြီး ပြည်နယ်များတွင် ကိုယ်စားလှယ်လောင်း ၃၁နေရာ အနိုင်ရရှိထားကြောင်း ကနဦးစာရင်းအရ သိရသည်။

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း...
ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။
August 10, 2026
စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ...
August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...