အသက် ၆၀ နှစ်အထက် ကြိုတင်မဲစတင်ပေး

အသက် ၆၀ နှစ်အထက် ကြိုတင်မဲစတင်ပေး

သျှမ်းပြည်အတွင်းရှိ အသက် ၆၀နှစ်အထက် သက်ကြီးရွယ်အိုများအား နိုဝင်ဘာ ၈ရက် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲများ စတင်ပေးနေကြောင်း သိရသည်။

အောက်တိုဘာလ ၂၉ ရက် ကစပြီး ကြိုတင်မဲများကို နိုဝင်ဘာ ၅ ရက်နေ့ထိ မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကောက်ခံသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးကျော်မြင့်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဒီနေ့တော့ ကျနော်တို့ ရုံးချိန်ပါဘဲ။ မနက် ၈ နာရီ ကနေ ညနေ ၆ နာရီထိတော့ ဖြစ်သွားနိင်တယ်။ မဲပုံးအားလုံးကို ကျနော်တို့က မဲရုံမှူးထံ အပ်ရမယ်။ ဒါတွေအားလုံး သေချာအောင် တိတ်တွေပိတ်ထားပါတယ်” ဟု ရပ်ကွက်ကော်မရှင် ဥက္ကဌ ဦးကျော်မြင့် ပြောသည်။

ယနေ့ ကြိုတင်မဲပေးရာတွင် ကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် စည်းကမ်းချက် အတိုင်း လက်ဆေးခြင်း၊ Mask(နှာခေါင်းစည်း)တပ်ဆင်ခြင်းနှင့် လူစုလူဝေး မဖြစ်အောင် စီစဉ်ရကြောင်း ဦးကျော်မြင့်က ဆိုသည်။

ရေအေးကွင်း မဲရုံသို့ကြိုတင်မဲလာထည့်သည့်အသက် ၆၄ နှစ် ဦးစောထွန်းစန်းက “ အခက်ခဲတွေတော့မရှိပါဘူး။ မဲစာရွက်တွေလည်း အဆင်ပြေပါတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

နိုင်ငံတော်အပေါ်သစ္စာရှိပြီး ပြည်သူများအပေါ် အလုပ်လုပ်ပေးနိုင်သည့်သူ၊ နိုင်ငံရေးပိုင်းတွင်လည်း သေချာ လုပ်ပေးနိုင်သည့် ပုဂ္ဂိုလ်များကို ထောက်ခံ မဲပေးသွားမှာဖြစ်ကြောင်း ဦးစောထွန်းစန်း က ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်ကာလ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းမှာ တနေ့ထက်တနေ့မြင့်တက်နေပါသည်။

ထို့ကြောင့် သက်ကြီးရွယ်အိုများအတွက် ကြိုတင်မဲပေးခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်သော်လည်း ကြိုတင်မဲသည် အလိမ်အညာမဲဖြစ်မည်ကိုစိုးရိမ်သဖြင့် တောင်ကြီးမြို့ မှ အသက် ၆၀ နှစ် အထက် သက်ကြီးရွယ်အိုများက မဲမပေးချင်ကြကြောင်း သိရသည်။

“ ကျမတို့ရပ်ကွက်ကတော့ တချို့ အဖွားတွေကတော့ ကြိုတင်မဲမပေးချင်ကြဘူး။ ဘာလိုလဲဆိုရင် သူတို့က ကြိုတင်မဲဆိုရင် အလိမ်အညာမဲ များတယ်လို့ထင်နေကြတာ။ နိုဝင်ဘာ ၈ ရက်မှ ပေးကြမယ်လို့ပြောနေကြတယ်” ဟု ရှမ်းတိုင်းရင်သားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ မှ တောင်ကြီးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းဖူးတစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ၉ ရက်သာ ကျန်တော့ကြောင်း၊ ရွေးကောက်ပွဲရက်တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရ လူ ၃၀ ဦး အထက် ပိုပြီး စုဝေးခြင်း ကို ခွင့်ပြုထားကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...