လက်နက်ကြီးကျည် ထိမှန်၍ မူလွန်ပြဆရာ သေဆုံး

လက်နက်ကြီးကျည် ထိမှန်၍ မူလွန်ပြဆရာ သေဆုံး

အောက်တိုဘာ ၁၉ ရက် တနင်္လာနေ့လည် ၂ နာရီခန့်က ရသေ့တောင်မြို့နယ်၊ ရွာသစ်ကေကျေးရွာတွင် လက်နက်ကြီးများကျရောက်ပေါက်ကွဲသဖြင့် အဆိုပါကျေးရွာနေ အသက် ၂၀ ဝန်းကျင် မူလွန်ဆရာ ကိုမျိုးဆက်နိုင်ဦးမှာ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားသည်ဟု ဒေသခံကျောင်းဆရာတစ်ဦးက ပြောသည်။

ကျောင်းဆရာမှာ ရွာသစ်ကေကျေးရွာတွင် အိမ်မှနွားများအားကျောင်းနေစဉ်အတွင်း နေ့လယ် ၁၂ နာရီခန့်တွင် လက်နက်ကြီးများကျရောက်ကာ ပေါက်ကွဲခဲ့သဖြင့် အဆိုပါပေါက်ကွဲမှုကြောင့် ဦးခေါင်းထဲ ကျည်ထိမှန်၍ ဘယ်ဘက်မျက်လုံး ပွင့်ထွက်သွားခဲ့သည်။

အဆိုပါ ဒဏ်ရာကြောင့်ရသေ့တောင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်စဉ် ဒဏ်ရာပြင်းထန်သည့်အတွက် စစ်တွေဆေးရုံသို့ပို့ရန် ညွှန်ကြားခဲ့သဖြင့် ရသေ့တောင်ဆိပ်ကမ်းမှ အမြန်ရေယာဉ်ငယ်ဖြင့် ပို့ဆောင်ခဲ့သည်။ ထို့သို့‌ပို့ဆောင်စဉ် ရသေ့တောင်မြို့နှင့် နှစ်မိုင်ကျော်အကွာ ငါးနားမျှားကျေးရွာအရောက် ၂ နာရီခန့်တွင် သေဆုံးသွားခဲ့သည်။

ကျောင်းဆရာလေးမှာ ယခုနှစ်မှ ရသေ့တောင်မြို့နယ်၊ စံဘော်မူလွန်ကျောင်းတွင် တာဝန်စကျခဲ့သူ ဖြစ်သည်။ သူ့တွင် အဖေ၊ အမေနှင့် နဝမတန်းတက်နေသော ညီမလေးတစ်ဦး ကျန်ခဲ့သည်။

မိသားစုမှာ အခြေခံလက်လုပ်လက်စားများသာဖြစ်ကြောင်းသူ၏ဆရာတစ်ဦးက ဆိုသည်။ ၎င်းအား ယနေ့ ၄ နာရီကျော်၌ ရသေ့တောင်တွင် သင်္ဂြိုလ် မြှုပ်နှံ့လိုက်သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၉ ရက်နေ့ ရသေ့တောင်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ ကျောင်းဆရာလေး မျိုးဆက်နိုင်ဦးထိမှန်သော လက်နက်ကြီးမှာ ရသေ့တောင်မြို့နယ်တွင် ဒေသခံတပ်ရင်းမှ ပုံမှန်ပစ်နေသော လက်နက်ကြီးကျည်ဟု ‌ရသေ့တောင် ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိ ရသေ့တောင်တွင် စစ်ဘေးရှောင်အရေအတွက် ၂၀၀၀၀ ကျော်ထိ ရှိနေပြီ ဖြစ်သည်။

March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...