မဲဆွယ်စည်းရုံးရေးကာလအတွင်း ANP ပါတီ အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံရမှု ၈ ခုထိရှိလာ

မဲဆွယ်စည်းရုံးရေးကာလအတွင်း ANP ပါတီ အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံရမှု ၈ ခုထိရှိလာ

မင်းထွန်း - မဲဆွယ်စည်းရုံးရေး ရက်ပေါင်း ၄၀ ကာလအတွင်း ရခိုင်ပြည်နယ်တွင်ရခိုင်အမျိုးသားပါတီ (ANP)မှ စိုက်ထူထားသည့် အောင်နိုင်ရေးဆိုင်းဘုတ် ၈ ခုထိ ဖျက်ဆီးခံခဲ့ရကြောင်း ANP ဗဟိုအောင်နိုင်ရေးကော်မတီမှ သိရသည်။

ANP အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံရသည့် မြို့နယ်များမှာ တောင်ကုတ်မြို့နယ်တွင် ၄ခု၊ အမ်းမြို့နယ်တွင် ၂ခု၊ ရမ်းဗြဲမြို့နယ် ရဲယုကျေးရွာတွင် ၁ ခု၊ စစ်တွေမြို့ သံဖရာသီးခွဆုံတွင် ၁ ခုတို့ဖြစ်သည်။

ထို့ကြောင့် မဲဆွယ်စည်းရုံးရေးကာလဖြစ်သည့် စက်တင်ဘာလ ၈ ရက်နေ့မှစပြီး အောက်တိုဘာလ ၁၆ ရက်နေ့အထိ ANP ပါတီအောင် နိုင်ရေးဆိုင်းဘုတ် ၈ ခုထိ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

ANP ဗဟိုအောင်နိုင်ရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဝင်းချေက “ကျနော်တို့က တကယ့်ကို ရည်ရွယ်ချက်ရှိရှိ သက်သက်မဲ့ အတိုက်အခံပုံစံမျိုးမဟုတ်ဘဲနဲ့ လမ်းသွားလမ်းလာဖြစ်ဖြစ်၊ လူတစ်ယောက်ချင်းရဲ့ စိတ်ဆန္ဒအရ ဖျက်ဆီးသွားတဲ့အပေါ်မှာတော့ အရေးယူသွားဖို့ စဉ်းစားထားတာမရှိဘူး။ ဒါပေမယ့် ပါတီတစ်ခုခုက ဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုခုက ဖြစ်ဖြစ် လုပ်လာရင်တော့ အရေးယူသွားဖို့ စဉ်းစားထားတယ်” ဟု ပြောသည်။

လက်ရှိတွင် ANP အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ်တွင် အမှုဖွင့် အရေးယူရန်လုပ်ဆောင်နေကြောင်း ဦးကျော်ဝင်းချေက ဆိုသည်။

ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်များ ဖျက်ဆီးခြင်းကို လက်ခံနိုင်စရာအကြောင်းမရှိဟု ANP ပါတီ ကိုယ်စားပြုအဖြစ် စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးထွန်းအောင်ကျော်က ပြောသည်။

“ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်တွေကို ဖျက်ဆီးတာဟာ ကျနော်တို့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံရေးယဉ်ကျေးမှု မြင့်မားတဲ့လူတွေရဲ့ စိတ်ဓာတ်ဟာ ဒီလိုဖျက်ဆီးတဲ့ လုပ်ရပ်တွေကို လုပ်မှာ မဟုတ်ဘူး။နိုင်ငံရေးယဉ်ကျေးမှု ထွန်းကားတယ်ဆိုလို့ရှိရင် နိုင်ငံရေးအရပဲ ယှဉ်ပြိုင်ဖို့လိုအပ်တယ်လို့ မြင်တယ်။နောက်တစ်ခုက အခွင့်အရေးလည်းရှိပြီးသားဖြစ်တယ်၊ကိုယ့်မကြိုက်တာကို ဒီလိုဖျက်ဆီးဖို့မလိုဘဲ မဲ ပေးပြီးတော့ ကိုယ့်မကြိုက်တဲ့သူကို မရွေးချယ်နိုင်တဲ့အခွင့်အရေးလည်း နိုင်ငံသားတိုင်းမှာရှိတယ်” ဟု သူကဆို သည်။

ယင်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှ စိုက်ထူထားသည့် အောင်နိုင်ရေးဆိုင်းဘုတ်များ ဖျက်ဆီးခံရမှု ဆက်တိုက်ဖြစ်ပွားနေပြီး တောင်ကုတ်၊မြေပုံ၊မာန်အောင်၊စစ်တွေ၊ဘူးသီးတောင်မြို့နယ်တို့တွင် စိုက်ထူထားသည့် အောင်နိုင်ရေးဆိုင်းဘုတ် အနည်းဆုံး ၁၅ ခုခန့် ဖျက်ဆီးခံခဲ့ရသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ခုနှစ်၊အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် ကာလကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီမှ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၁၂ နာရီအချိန်ထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေငြာထားသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...