သိန်းနီမြို့နယ်တွင် လက်နက်၊ခဲယမ်းများ သိမ်းဆည်းရမိ

သိန်းနီမြို့နယ်တွင် လက်နက်၊ခဲယမ်းများ သိမ်းဆည်းရမိ

သျှမ်းပြည်မြောက်ပိုင်း သိန်းနီမြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

သိန်းနီမြို့နယ်တွင် အောက်တိုဘာ ၁၄ရက် ည ၇နာရီခွဲတွင် မူဆယ်-မန္တလေး ပြည်ထောင်စု ကားလမ်းမပေါ်တွင် အသက် ၂၂နှစ်အရွယ်ရှိ လီစီချီ မောင်းလာသည့် Crown ကားကို စစ်ဆေးရာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကားပေါ်တွင် သိမ်းဆည်းရမိသည့် လက်နက်များမှာ မောင်းပြန်ရိုင်ဖယ် ၃လက်၊ ကျည်ကဒ်ပါပစ္စတိုသေနတ် ၄လက်၊ M-22 ကျည်ဘောက်၁၅ခု၊ M-22 ကျည် ၁၂၉၀ တောင့်၊ 7.62 ကျည် ၉၀၀ တောင့်၊ ပွိုင့် ၂၂ကျည် ၂၀၀ တောင့်၊ 9 mm ကျည် ၁၀၀ တောင့် တို့ဖြစ်ကြောင်း မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။

ထိုဖမ်းဆီးရမိသည့် လက်နက်များနှင့်အတူ လီစီချီ ကို သိန်းနီမြို့မ ရဲစခန်းတွင် ရှမ်းလက်နက် ဥပဒေဖြင့် အမှူဖွင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ထိုပြင် ကျိုင်းတုံမြို့နယ် တောင်ကြီး-ကျိုင်းတုံ ကားလမ်း၊ ကျိုင်းဖောင်း ကျေးရွာအနီးရှိ COVID-19 စစ်ဆေးရေး စခန်းတွင် အောက်တိုဘာ ၁၂ရက် မနက်ပိုင်းတွင် ကျပ်သိန်း ဘီလီယံရှိ ဘိန်းဖြူများကို သိမ်းဆည်းရမိကြောင်း သိရသည်။

အောက်တိုဘာ ၁၂ရက် မနက် ၉ နာရီတွင် ကိုဗစ်-၁၉ စစ်ဆေးရေး စခန်းတွင် မိုင်းပျဉ်းဘက်မှ ကျိုင်းတုံ ဘက်သို့မောင်းနှင်လာသည့် Vigo အမျိုးအစားယာဉ်ကို တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေး သဖြင့် ပိတ်ဆို့ ဖမ်းဆီးရာ အသက် ၃၅နှစ် အရွယ်ရှိ ကျဟဲ နှင့် အသက် ၁၅နှစ်အရွယ်ရှိ ကျစောတို့ နှင့် အတူ ဘိန်းဖြူ ကျပ်သိန်း (၁.၁.၆၆၄၂၅ ဘီလီယံ)ဖမ်းဆီး ရမိခဲ့သည်။

ထို ဘိန်းဖြူသယ်ဆောင်လာသည့် ကျဟဲ နှင့် ကျစောတို့ကို မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်တရားခံများဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...