မူဆယ် SNDP စည်းရုံးရေး ဆိုင်းဘုတ်များဖျက်ဆီးခံရ

မူဆယ် SNDP စည်းရုံးရေး ဆိုင်းဘုတ်များဖျက်ဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်တွင် အောက်တိုဘာလအတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) ပါတီ ဆိုင်းဘုတ် ၂ နေရာ ဖျက်ဆီးခံရကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့နယ် မန့်ဟိုင်းကျေးရွာနှင့် တာလုံ ကျေးရွာတွင် စိုက်ထူထားသည့် မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်များဖြစ်ကြောင်း မူဆယ်မြို့ မဲဆန္ဒနယ် အမှတ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စိုင်းဘိုးအောင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဖျက်ခံရတာ မန့်ဟိုင်းမှာ၂ကြိမ်၊ တာလုံမှာ ၂ကြိမ် ဖျက်ခံရတယ်။ ပထမကြိမ် ဖျက်လို့ကျနော်တို့ ပြန်ထောင်တယ်။ ထပ်ဖျက်တယ်။ ဓားနဲ့လာခုတ်သွားတာပါ” ဟု စိုင်းဘိုးအောင် က ပြောသည်။

ထို မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ် ဖျက်ဆီးခံရသည့်နေရာသည် သျှမ်းလူမျိုးများနေထိုင်သည့်နေရာ ဖြစ်သည့်အတွက် ပြဿနာ မဖြစ်စေလိုမှုကြောင့် ရွေးကောက်ပွဲ ကော်မရှင်ကို မတိုင်ကြားကြောင်း စိုင်းဘိုးအောင် ကပြောသည်။

“ ကိုယ့်လူမျိုးတွေနေတဲ့နေရာပဲ ကျနော်တို့ပြဿနာမဖြစ်ချင်ဘူး။ ဒါပေမယ့် ကျနော်တို့ပြောချင် တာ ကတော့ စိတ်ဓာတ်တွေပြုပြင်စေချင်တယ်” ဟု စိုင်းဘိုးအောင်က ထပ်လောင်းပြောသည်။

မူဆယ်ခရိုင် အတွင်း SNDPအနေဖြင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်နေရာကို ဒေါ်နန်းငွေငွေ ဝင်ရောက်ယှဉ်ပြိုင်ပြီး၊ ပြည်သူ့လွှတ်တော် နေရာကို စိုင်းအောင်မြင့် က ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။

ထို့အပြင် မူဆယ်မြို့ ပြည်နယ် အမှတ်(၁)မဲဆန္ဒနယ်ကို စိုင်းဘိုးအောင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ အမှတ်(၂) မဲဆန္ဒနယ် ကို နန်းဟန်နု က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

January 7, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးမှ...
January 7, 2026
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း...
December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...