ရခိုင့်ဦးဆောင်ပါတီကနေ မင်းပြားပြည်နယ်လွှတ်တော်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်ဦးမောင်ဝင်းစိုးနဲ့တစ်ခဏတာ

ရခိုင့်ဦးဆောင်ပါတီကနေ မင်းပြားပြည်နယ်လွှတ်တော်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်ဦးမောင်ဝင်းစိုးနဲ့တစ်ခဏတာ

မေး- ရွေးကောက်ပွဲမှာ ဘယ်ပါတီ၊ ဘယ်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာပါလဲ။

ဖြေ- ကျွန်တော်ကတော့ ရခိုင့်ဦးဆောင်ပါတီကနေ မင်းပြားပြည်နယ်လွှတ်တော်နေရာကို ဝင်ရောက် ယှဉ်ပြိုင်မယ့်  ဦးမောင်ဝင်းစိုးဖြစ်ပါတယ်။ အသက်ကတော့ ၂၅ နှစ်ရှိပါပြီ။ ရခိုင်ပြည်နယ်က အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်လောင်းထဲက တစ်ဦးဖြစ်ပါတယ်။

မေး-ရွေးကောက်ပွဲကို ဘာကြောင့်ဝင်ပြိုင်ရတာလည်း ဆိုတာပြောပြပေးပါ။

ဖြေ-အကြောင်းအရင်းကတော့ ဒီရခိုင်ပြည်နယ်မှာ ပြသနာတွေကိစ္စတွေ အဝဝ ဖြစ်နေတယ်။ ကျွန်တော်တို့က တစ်ဖက်တစ်လမ်းကနေပြီးတော့ ဖြေရှင်းပေးချင်တယ်။ ပြီးရင်ရခိုင်ပြည်နယ်မှာ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်ကိစ္စအဝဝကို ကျွန်တော်ကလွှတ်တော်မှာ ဆွေးနွေးတင်ပြပြီး တိုးတက်အောင် လုပ်ချင်တယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ပကတိဖြစ်နေတဲ့ ပြဿနာတွေကို လျစ်လျူမရှုစေဖို့အတွက် ကျွန်တော်က လွှတ်တော်အမတ်တစ်ယောက် အနေနဲ့ ဆောင်ရွက်ချင်တဲ့ အတွက် ဖြစ်ပါတယ်။

မေး- ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ရှိရင် ဘာတွေလုပ်သွားမလဲ။

ဖြေ- ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ရှိရင် ကျွန်တော်အပေါ်ကပြောသွားတဲ့အချက်တွေအတိုင်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတွေနဲ့ ဒေသဖွံ့ဖြိုးရေးတွေကို ကျွန်တော်က တက်နိုင်သလောက် ပါဝင်ဆောင်ရွက် သွားဖို့ရှိပါတယ်။ ပြီးတော့ အဓိကအကြောင်းအရင်းက ရခိုင်ပြည်နယ်က ၂ဝ၂ဝ အလွန်ကာလမှာ ဖြစ်လာမယ့် ပြဿနာတွေကို ကျွန်တော်ကနေပြီးတော့ မှန်ကန်ခြင်း၊ တိကျခြင်းတွေနဲ့ လွှတ်တော်မှာတင်ပြချင်တယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာကပြဿနာတွေပွတ်တိုက်မှုတွေက အများကြီးရှိတယ်။ ဒါတွေအတွက် ပြည်သူတွေရဲ့ အသံတွေကို ရဲရဲဝံ့ဝံ့ လွှတ်တော်မှာ တင်ပြသွားချင်တယ်။

မေး- ၂ဝ၂ဝ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေကို ဘာများပြောချင်ပါလဲ။

ဖြေ- ကျွန်တော်ပြောချင်တာကတော့ မဲဆန္ဒရှင်တွေအနေနဲ့ ဒီ၂ဝ၁၅ ကာလနဲ့ ၂ဝ၂ဝ ကာလနဲ့ နည်းနည်းတော့ ကွာခြားတာပေါ့နော်။ မဲဆန္ဒရှင်တွေအနေနဲ့လည်း လွှတ်တော်ကဏ္ဍကလုပ်လို့ ဘာမှ မရဘူးဆိုပြီး ထင်နေတဲ့ လူတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လွှတ်တော်ကဏ္ဍက မဖြစ်မနေပါဝင်ရမည့် လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ အဲဒါက ၂ဝ၂ဝ ကာလက ရခိုင့်အမတ်တွေ မရှိလို့မဖြစ်ပါဘူး။ အရေးကြီတဲ့ ပြသနာတွေကို မဖြစ်မနေပြော ရဲရဲဝံ့ဝံ့ပြောရမယ့် ဟာတွေရှိတယ်။ ပြီးတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးကို လုပ်ပြပြီး(ဗန်းပြပြီး) အကျင့်ပျက်ခြစားနေတဲ့ လူတွေကို ရခိုင့်နိုင်ငံရေး အသိုင်းအဝိုင်းက လုံးဝ လက်မခံ နိုင်အောင်၊ ပြီးရင်သန့်ရှင်းအားကောင်းတဲ့ ရခိုင်နိုင်ငံရေး ရပ်ဝန်းတစ်ခုဖြစ်လာအောင် တစိုက်မတ်မတ် စွမ်းဆောင်သွားဖို့ရှိပါတယ်။ ကျွန်တော်တို့ လေးစားရတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးလို့ ခံယူတဲ့ ဒေါက်တာအေးမောင်ကိုလည်း ဝိုင်းရံတဲ့ အနေနဲ့ ကျွန်တော်တို့ လူငယ်တွေကလည်းခံတပ်အနေနဲ့ ပါဝင် လာကြခြင်းဖြစ်ပါတယ်။ ဒါကြောင့်မဲဆန္ဒရှင်တွေကို ကျွန်တော်ကတော့ ရခိုင်ပါတီတွေထဲက ဘယ်ပါတီ မဆို မဲထည့်ပေးပါ။ ခေါင်းဆောင်ကောင်းရှိတဲ့ လုပ်ရည်ကိုင်ရည်ရှိတယ်လို့ မိမိတို့ ယုံကြည်ရာ လူပုဂ္ဂိုလ်ဖြစ်ဖြစ်၊ ပါတီဖြစ်ဖြစ်ကို မဲထည့်ပေးပါလို့ပြောချင်ပါတယ်။

အိမ်စိုးဖြူမေးမြန်းတင်ပြသည်။

Most read this week

ဓါတ်ပုံ - Daily Times Of Bangladesh
August 19, 2026
အာရက္ခတပ်တော် (AA) သည် ရေပိုင်နက် ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသော...
August 19, 2026
အာရက္ခ (ရခိုင်) ပြည်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းတစ်လျှောက်တွင် မိုးသည်းထန်စွာ...
August 17, 2026
အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားသော နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့...
စစ်အုပ်စုတပ်သား (ပုံဟောင်း)
August 17, 2026
ရခိုင်ပြည် (အာရက္ခပြည်)၊ ကျောက်ဖြူစစ်မျက်နှာ နှစ်ခုအနက် အဝတောင်စစ်မျက်နှာတွင် အထိအခိုက် အကျ...