ဖမ်းဆီးထားသူ လေးဦး AA အမာခံဟု တပ်မတော် စွပ်စွဲ

ဖမ်းဆီးထားသူ လေးဦး AA အမာခံဟု တပ်မတော် စွပ်စွဲ

ရခိုင့်တပ်အေအေ၏ အမာခံလေးဦးကို ဖမ်းဆီးထားကြောင်း တပ်မတော်က ထုတ်ပြန်လိုက်ပြီးနောက် အဖမ်းခံထားရသူတစ်ဦး၏ ဆွေမျိုးများက အဆိုပါစွပ်စွဲချက်ကိုငြင်းဆန်လိုက်သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ရခိုင်ဒေသခံ ငါးဦးကို ဖမ်းဆီးထားပြီး ယင်းအထဲမှ ၄ ဦးသည် ရခိုင့်တပ်အေအေ၏ အမာခံများဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်လာသည်။

 စစ်တွေမြို့နယ် တောကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်လှိုင် ၊ တောင်ကုတ်မြို့နယ် ပဒါးမကျေးရွာမှ ဦးညီမောင်ချေ၊ မောင်ညီချေ (ခ) မဲချမ်းမွန်၊  သိန်းကျေးရွာသားများဖြစ်သည့် ဦးဝင်းဌေးနှင့် ဦးဦးကျော်မောင်တို့ ကို အောက်တိုဘာ ၁ ရက်နေ့တွင် ဖမ်းဆီးထားသည်။ ဦးထွန်းကျော်လှိုင်နှင့် ပတ်သတ်၍မူ တပ်မတော်က တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသေးပေ။

သိန်းတန်ကျေးရွာသားနှစ်ဦးကို စစ်တွေမြို့ လက်ဝဲသလုံးတော်အနီးရှိ ခမရ (၅၃၄) မှ တပ်ရင်းက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသော်လည်း ကျန် သုံးဦးကို မည်သည့်တပ်ရင်းက ဖမ်းဆီးပြီး မည့်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးပါ။  

သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ၎င်းတို့ လေးဦးသည် ဆက်ကြေးနှင့် ရိက္ခာများကောက်ခံ၍ အေအေအဖွဲ့ထံသို့ ပို့ဆောင်ပေးနေကြောင်း သတင်းရဖြင့် အောက်တိုဘာလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဟု စွပ်စွဲထားသည်။

ဖမ်းဆီးခံထားရသူ ဦးဝင်းဌေး၏ ညီမဖြစ်သူ ဒေါ်သန်းဌေးက “ ၁ ရက်နေ့မွန်းတည့် ၁ နာရီတည်းက ဖမ်းသွားတာ။ စိတ်ပူတာမှာ ပြောမပြ တတ်အောင်ပါပဲ။ ကျမတို့ မိသားစုတွေလည်း မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေကြပြီ။ လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ဘာသက်သေမှ ရှိ တာလည်း မဟုတ်ဘူး။ ရွာမှာ ကောင်းကောင်းမွန်မွန်လုပ် ကိုင်စားသောက်နေကြတာ။ ဘယ်အဖွဲ့အစည်းနဲ့မှလည်း သူတို့ကပတ်သတ် နေကြတာ မဟုတ်ဘူး။”ဟု ပြောသည်။

 မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က   တပ်မတော်က သံသယဖြင့် ဖမ်းဆီးလျှင် ဥပဒေလုပ်ထုံးလုပ်နည်းအရ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပြီး တရားရုံးတွင် ဖြေရှင်းဖို့လိုအပ်ကြောင်း  ပြောဆို ထားသည်။

 အောက်တိုဘာလ ၂ ရက်နေ့က ကျောက်တော်မြို့နယ် သာစည်ကျေးရွာမှ အသက်ကြီးပိုင်း အမျိုးသား သုံးဦးကို တပ်မတော် စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားသော်လည်း အောက်တိုဘာ ၃ ရက်နေ့ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...