မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်နှင့် သမီးဖြစ်သူတို့တွင် ကိုဗစ်ပိုးတွေ့

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်နှင့် သမီးဖြစ်သူတို့တွင် ကိုဗစ်ပိုးတွေ့

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ အသက် ၈၉ နှစ်အရွယ် ဟံသာဝတီ ဦးအုန်းကြိုင်နှင့် သမီးဖြစ်သူတို့တွင် ကိုဗစ်ပိုးတွေ့ရှိရကြောင်း ၎င်းတို့နေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညိုအိက မဇ္ဈိမကို ပြောသည်။

“မနေ့ကမှ Positive ထွက်တယ်ဆိုတော့မှ သိရတာပါ။ မြို့နယ်က ဆရာဝန်ကြီးက အကြောင်းကြားလို့ သူတို့ဖာသာ တပ်ကို အကူအညီတောင်းလို့ တပ်က လာခေါ်သွားပြီးနောက် ပိုးစစ်ဆေးတွေ့ရှိရတာလို့ သိရပါတယ်။ သူက သမီးနှစ်ယောက်နဲ့ နေတာပါ။ အဲ့ဒီကတည်းက အကုန်ပါသွားတာ။ အိမ်မှာတော့ အခု ဘယ်သူမှ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့က နေထိုင်မကောင်းသည့် ဟံသာဝတီ ဦးအုန်းကြိုင်ကို တပ်မတော်ယာဉ်တစ်စီးက နေအိမ်မှ လာရောက်ခေါ်ဆောင်ခဲ့ပြီး နောက်တစ်နေ့၌ အိမ်တွင် ကျန်ရှိနေသော မိသားစုများကို လာရောက် ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှလုံးရောဂါဖြင့် မင်္ဂလာဒုံ ကုတင် ၁ဝဝဝ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၉ ရက်နေ့က နှာခေါင်းနှင့် အာခေါင်တို့ဖတ်ယူခဲ့ကာ အောက်တိုဘာလ ၂ ရက်နေ့တွင် အသက် ၈၉ နှစ်အရွယ် ဦးအုန်းကြိုင်နှင့် အသက် ၆၂ နှစ်အရွယ် သမီးဖြစ်သူတို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သမီးဖြစ်သူကို မနေ့က ဖုန်းဆက်မေးတော့ အဘက အောက်စီဂျင်ရှူနေတာပေါ့နော်။ ဒီမနက် ထပ်မေးတော့ သက်သာတယ် ကြားပါတယ်” ဟု ရွှေပြည်သာမြို့နယ် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးရွှေမြင့်ဦးက ပြောသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ကိုကျော်စွာမင်းက ကောင်စီ အစည်းအဝေးများကို နားထားသကဲ့သို့ ကောင်စီဝင်အားလုံး အိမ်တွင်သာ နေသည့်အစီအစဉ် Stay at Home ပြုလုပ်ထားသည်မှာ တစ်လ ခန့်ရှိနေပြီ ဖြစ်သည့်အတွက် အိမ်တွင်နေထိုင်ရင်း ကူးစက်ခံရခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။  

“ကျွန်တော်တို့ ကောင်စီအနေနဲ့ အစည်းအဝေး နားထားတာလည်း ကြာပြီပေါ့နော်။ Home Stay နေကြတာလည်း တစ်လလောက်ရှိပြီ။ အိမ်မှာနေရင်း ကူးစက်ခံရတာ ဖြစ်နိုင်တယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်နှင့် သမီးဖြစ်သူတို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည့်အတွက် ရွှေပြည်သာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ပင်းယပန်းခြံလမ်းရှိ နေအိမ်နှင့် လမ်းကို အသွားအလာ ပိတ်ပင်မှုနှင့် ဆေးဖြန်းမှုကိုလည်း ပြုလုပ်ထားကြောင်း သိရသည်။

August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...
August 13, 2026
စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ...