တရားမဝင် ကိုဗစ် စစ်ဆေး ကိရိယာများ အသုံးမပြုသင့်ဟု ကျန်းမာရေးအာဏာပိုင် သတိပေး

တရားမဝင် ကိုဗစ် စစ်ဆေး ကိရိယာများ အသုံးမပြုသင့်ဟု ကျန်းမာရေးအာဏာပိုင် သတိပေး

လက်ရှိဈေးကွက်အတွင်းသို့ တရားမဝင် တင်သွင်းလာသည့် COVID-19 စစ်ဆေးသည့် ကိရိယာ( Tast Kit) များမှာ တိကျသည့် ရောဂါ အဖြေကို မပေးနိုင်သဖြင့် လုံးဝ အသုံးမပြုသင့်ကြောင်း  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက သတိပေးလိုက်သည်။

တရုတ်နိုင်ငံမှ မှောင်ခိုင်ဝင်လာသည့် သွေးဖောက်စစ်ရသည့် Antibody Tast Kit များကို အင်တာနက် အွန်လိုင်းပေါ်မှတစ်ဆင့် ငွေကျပ် နှစ်သောင်းဝန်းကျင်ဖြင့် ရောင်းဝယ်မှုများ တွေ့ရှိ လာရသည့်နောက် မဇ္ဈိမ၏ မေးမြန်း ချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အရည်အသွေးမမီတဲ့ ဘယ်သူမှ အသိအမှတ်မပြုတဲ့ Tast Kit တွေနဲ့ စစ်တယ်။ စစ်တာလည်း နှစ်ခုရှိတယ်။ Antigen Tast Kit နဲ့ Antibody Test Kit ဆိုပြီးရှိတယ်။ Antibody Tast Kit ဆိုရင် Antibody တွေ့ရင်တောင်မှ ကူးပြီလား၊ မကူးပြီလား ဘာမှ ပြောလို့မရတဲ့ ကိစ္စဖြစ်တယ်။ အဲ့ဒီတော့ ဒီဟာတွေနဲ့တော့ လုံးဝမစစ်ဆေးသင့်ပါဘူး” ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။

ကိုရီးယားနိုင်ငံလုပ် ကိုဗစ်-၁၉ အမြန်စစ် ကိရိယာများ အစိုးရက တင်သွင်းစစ်ဆေးလာနေချိန်တွင် မှောင်ခိုသမားများက တရုတ်ကိရိယာများ  ရောင်းစားနေကြခြင်းဖြစ်သည်။

 

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အသိအမှတ်ပြု  Antigen Tast Kit များ အစိုးရက မှာယူတင်သွင်းခဲ့ခြင်းဖြစ်သည်။

ဓာတ်ခွဲခန်းတွင် စစ်ဆေးရန်မလိုဘဲ အချိန်တိုအတွင်း ကိုဗစ်ရှိ၊ မရှိစစ်ဆေးနိုင်သည့် Antibody Tast Kit နှင့် Antigen Tast Kit ဟူ၍ နှစ်မျိုးရှိပြီး Antibody Tast Kit မှာ လက်ထိပ်သွေးဖောက်ပြီး စစ်ဆေးရသည့် ကိရိယာ ဖြစ်ပြီး ကိုယ်တိုင်စစ်ဆေးနိုင်သည်။ Antigen Tast Kit မှာ နှာခေါင်းတို့ပတ်အာခေါင်တို့ပတ်ရယူစစ်ဆေးရသည့် ကိရိယာဖြစ်သောကြောင့်  ကိုယ်တိုင်စစ်ဆေးမှု မပြုလုပ်နိုင်ပေ။

ရောဂါရှိ၊ မရှိ စိတ်ချရသည့် အဖြေမပေးနိုင်သော ကိရိယာများကို မိမိဘာသာဝယ်ယူစစ်ဆေးခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးများဖြစ်လာနိုင်ကြောင်း ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနတာဝန်ခံ ပါမောက္ခ ဒေါက်တာမော်မော်ဦးကလည်း  ပြောသည်။

 “အခုလောလောဆယ်ပေါ်နေတဲ့ Tast Kit တွေက  ၁၀၀ ရာခိုင်နှုန်း Positive လား Negative လား မသေချာဘူး။ သူတို့မှာ မမှန်နိုင်တဲ့ ပြဿနာတွေရှိတယ်။ တော်ကြာ False Positive၊ False Negative ( ရောဂါ ရှိခြင်း၊ မရှိခြင်း မှား၍ပြခြင်း) ဆိုတာ အရေးကြီးတယ်။ False Positive (ရောဂါမရှိဘဲ ရှိသည်ဟု ပြခြင်း)  ဖြစ်ရင်လည်း အဲ့ဒီလူနာတစ်ယောက်က ရောဂါမရှိဘဲ ရောဂါရှိတဲ့သူထားတဲ့နေရာရောက်သွားတော့ အဆင်မပြေဘူး။ False Negative (ရောဂါရှိရက် မရှိဟုပြခြင်း) လည်း အဲ့ဒီလိုပဲ။ ရောဂါရှိရဲ့သားနဲ့ မရှိပြနေလို့ လူထုထဲ လျှောက်သွားနေရင် ဒုက္ခရောက်မယ်။ ဒါကြောင့် Tast Kit တွေက ဝယ်လို့ ရတိုင်း စစ်လို့ မရဘူး” ဟု ၎င်းက ပြောသည်။

အင်းစိန်ဆေးရုံမှ ပါမောက္ခဒေါက်တာမာမာကြည်က WHO အသိအမှတ်ပြု Tast Kit  နှင့် စစ်ဆေးရာမှာပင် အနည်းငယ်လွဲမှားမှုရှိနေသည့်အတွက် ဂရုစိုက်ဆောင်ရွက်နေရကြောင်းပြောသည်။

 

“Isolation Ward ( သီးသန့်ကုသဆောင် ) ထဲမှာ ခြောက်ယောက် စမ်းတယ်။ သုံးယောက် Positive ဖြစ်တယ်။  နောက်တစ်နေ့ကျတော့ အမတို့က Ward ထဲက လူနာတွေနဲ့ပတ်သက်ပြီး  NHL (အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန)ကို ပို့တော့ တစ်ယောက် Positive ထွက်တော့ သဘောက False Negative တစ်ယောက်ထွက်တာပေါ့။  ဒီလို ၈ဝ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ မမှားနိုင်တဲ့  Antigen Tast Kit မှာတောင် မှားနိုင်တယ်။ အဲ့ဒါကြောင့် အမတို့က လူနာကို လက္ခဏာကိုလည်း ကြည့်တယ်။ အန္တရာယ်များနိုင်မှုကို ကြည့်တယ်။  ထိတွေ့မှုရော အဖြေကိုပါကြည့်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အသိအမှတ်ပြု ကိုဗစ်ကာကွယ်ဆေးမရှိသေးသောကြောင့် လူမှုကွန်ယက်များ၊ အင်တာနက်စာမျက်နှာနှင့် အွန်လိုင်းဈေးကွက်များတွင် ရောင်းချကြေညာနေသော ကိုဗစ် ကာကွယ်ဆေးများကို ဝယ်ယူသုံးစွဲခြင်းမပြုရန်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...