သီပေါတွင် ရဲတဦး သေနတ်ပစ်သတ်ခံရ

သီပေါတွင် ရဲတဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ ၉ မိုင်ခွဲ တွင် စက်တင်ဘာ ၂၈ ညနေ ၄နာရီ ကျော်၌ မူးယစ်ရဲတပ်ဖွဲ့ဝင်တဦး သေနတ်ပစ်သတ်ခံရကြောင်း ကနေဦးသတင်းရရှိသည်။

သီပေါမြို့ ၉ မိုင်ခွဲ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ် တွင် အမည်မသိ ကားဖြင့် လူ၃ဦးလာပြီး သေနတ်ပစ်ခဲ့ရာ မူးယစ်ရဲတပ်ဖွဲ့ဝင် တဦး သေဆုံးခဲ့ကြောင်း အမည်မဖော်လိုသည့် သီပေါမြို့ဒေသခံ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လားရှိုးမြို့ကနေ လာပြီး မူးယစ်စစ်ဆေးမှုတွေလာလုပ်ကြတယ်။ လားရှိုးက မူးယစ်ရဲပါ။ ဂိတ်ကို ကား နဲ့လူ၃ယောက်လာ ပြီး သေနတ်ပစ်သွားတယ်။ မူးယစ်ရဲ ကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်” ဟု ၎င်း အမည် မဖော်လိုသူ ကပြောသည်။

မူးယစ်ရဲကို သေနတ်နှင့် ပစ်သတ်ခဲ့သည့် သူ ၂ဦးကို ဖမ်းဆီးရမိပြီး၊ ကျန်တဦးမှာ လွှတ်မြောက်နေဆဲဟု သိရသည်။

“ ကားနဲ့ လူ ၂ဦးတော့ ဖမ်းမိတယ်။ ကျန် ၁ဦးကတော့ လွှတ်သွားတယ်။ အခု စုံစမ်းစစ်ဆေးနေဆဲပါ” ဟု အဆိုပါ အမျိုးသား က ထပ်လောင်းပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး သီပေါမြို့ နယ်စည်းမခြား ပရဟိတ အသင်း မှကိုမျိုး က “ တဦးတော့ သေနတ်ပစ်ခံရပြီး သေသွားတယ်။ ကျနော်သေချာမသိသေးဘူး။ အခုတော့ စစ်ဆေးနေကြသေးတယ်” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

သီပေါမြို့နယ်တွင် မကြာခဏ သေနတ်ပစ်သတ်ခံရမှု ဖြစ်ပွားပြီး တရားခံကို တကြိမ်တခါမှ မမိသေးကြောင်း သိရသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...