သီပေါတွင် ရဲတဦး သေနတ်ပစ်သတ်ခံရ

သီပေါတွင် ရဲတဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ ၉ မိုင်ခွဲ တွင် စက်တင်ဘာ ၂၈ ညနေ ၄နာရီ ကျော်၌ မူးယစ်ရဲတပ်ဖွဲ့ဝင်တဦး သေနတ်ပစ်သတ်ခံရကြောင်း ကနေဦးသတင်းရရှိသည်။

သီပေါမြို့ ၉ မိုင်ခွဲ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ် တွင် အမည်မသိ ကားဖြင့် လူ၃ဦးလာပြီး သေနတ်ပစ်ခဲ့ရာ မူးယစ်ရဲတပ်ဖွဲ့ဝင် တဦး သေဆုံးခဲ့ကြောင်း အမည်မဖော်လိုသည့် သီပေါမြို့ဒေသခံ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လားရှိုးမြို့ကနေ လာပြီး မူးယစ်စစ်ဆေးမှုတွေလာလုပ်ကြတယ်။ လားရှိုးက မူးယစ်ရဲပါ။ ဂိတ်ကို ကား နဲ့လူ၃ယောက်လာ ပြီး သေနတ်ပစ်သွားတယ်။ မူးယစ်ရဲ ကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်” ဟု ၎င်း အမည် မဖော်လိုသူ ကပြောသည်။

မူးယစ်ရဲကို သေနတ်နှင့် ပစ်သတ်ခဲ့သည့် သူ ၂ဦးကို ဖမ်းဆီးရမိပြီး၊ ကျန်တဦးမှာ လွှတ်မြောက်နေဆဲဟု သိရသည်။

“ ကားနဲ့ လူ ၂ဦးတော့ ဖမ်းမိတယ်။ ကျန် ၁ဦးကတော့ လွှတ်သွားတယ်။ အခု စုံစမ်းစစ်ဆေးနေဆဲပါ” ဟု အဆိုပါ အမျိုးသား က ထပ်လောင်းပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး သီပေါမြို့ နယ်စည်းမခြား ပရဟိတ အသင်း မှကိုမျိုး က “ တဦးတော့ သေနတ်ပစ်ခံရပြီး သေသွားတယ်။ ကျနော်သေချာမသိသေးဘူး။ အခုတော့ စစ်ဆေးနေကြသေးတယ်” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

သီပေါမြို့နယ်တွင် မကြာခဏ သေနတ်ပစ်သတ်ခံရမှု ဖြစ်ပွားပြီး တရားခံကို တကြိမ်တခါမှ မမိသေးကြောင်း သိရသည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...