မြန်မာကို ခိုးသွင်းမည့် တရုတ်လုပ် နှာခေါင်းစည်းများ ထိုင်းတွင် သိမ်းဆည်းရမိ

မြန်မာကို ခိုးသွင်းမည့် တရုတ်လုပ် နှာခေါင်းစည်းများ ထိုင်းတွင် သိမ်းဆည်းရမိ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်တွင် မြန်မာနိုင်ငံသို့ တရားမဝင် ပို့ဆောင်မည့် တရုတ်နိုင်ငံလုပ် နှာခေါင်းစည်း အထုပ် ၇၀၀၀၀ ကို ထိုင်းအာဏာပိုင်များက သိမ်းဆည်းရမိခဲ့သည်။

မှောင်ခိုကူးကြောင်း သံသယဖြစ်ဖွယ် လုပ်ဆောင်မှုများရှိနေကြောင်း နယ်မြေထောက်လှမ်းရေး၏ သတင်းပေးချက်အရ မယ့်ကူ မြို့နယ်ခွဲတွင် ခရိုင်အုပ်ချုပ်ရေးနှင့် ထိုင်းစစ်တပ် ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၂၇ ရက်နေ့ ည ၁၀ နာရီခွဲအချိန်၌ နေအိမ်တစ်အိမ်ကို စီးနင်းရှာဖွေခဲ့ခြင်းဖြစ်သည်ဟု သည် နေးရှင်း သတင်းက ဖော်ပြသည်။

ယင်းနေအိမ်တွင် ပုံး ၂၈ ပုံးအတွင်း ထည့်ထားသည့် နှာခေါင်းစည်း အထုပ် ၇၀၀၀၀ ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း တရားမဝင် မှောင်ခို ခိုးသွင်းလာသူများကိုမှု ဖမ်းဆီးရမိခဲ့ခြင်း မရှိပေ။

သိမ်းဆည်းရမိသည့် နှာခေါင်းစည်း အထုပ်များသည် အကောက်ခွန်၏ ခွင့်ပြုချက် ရှိပုံမရသဖြင့် ဆက်လက် စုံစမ်းစစ်ဆေးမှုများ လုပ်နေကြောင်း သိရသည်။

တကျော့ပြန် ကိုဗစ်ရောဂါလှိုင်းကြောင့် ကူးစက်မှု မြင့်တက်နေသည့် မြန်မာနိုင်ငံတွင် နှာခေါင်းစည်းများ ဝယ်လိုအား မြင့်တက်နေသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၂၇ ရက် ည ၈ နာရီအထိ ကိုဗစ်ရောဂါ ကူးစက်လူနာ ၁၀၇၃၄ ဦး၊ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၂၂၆ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...