မဲရုံစောင့်ရမည့် ဆရာ၊ ဆရာမများ တာဝန်ကျဒေသသို့ အောက်တိုဘာ ၁ ရက်မတိုင်ခင် အရောက်သွားရမည်

မဲရုံစောင့်ရမည့် ဆရာ၊ ဆရာမများ တာဝန်ကျဒေသသို့ အောက်တိုဘာ ၁ ရက်မတိုင်ခင် အရောက်သွားရမည်

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မဲရုံများတွင်တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများအနေဖြင့် တာဝန်ကျရာဒေသများကို အောက်တိုဘာလ ၁ရက်နေ့တွင် အချိန်မီရောက်ရှိရန် မြို့နယ်ပညာရေးရုံးများကို ညွှန်ကြားထားကြောင်းသိရသည်။  

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ပညာရေးမှူး ဒေါ်မြမြဦးက “ဒေသအသီးသီးက လာရမှာဆိုတော့ ကြိုတင်လက်ခံထားဖို့ နောက်ပြီး မြို့နယ်အစီအစဉ်နဲ့ထားဖို့ Home Quarantine ၇ ရက်ထားမယ်ဆိုရင် မဲရုံမှူးတွေ သင်တန်းတက်တဲ့အခါ အဆင်သင့် ဖြစ်နေဖို့အတွက်ပါ” ဟုပြောသည်။  

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင်  မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအဖြစ်ထမ်းဆောင်ရမည့် ဆရာ၊ ဆရာမများကို သင်တန်းပေးရမည်ဖြစ်သော်လည်း COVID-19 ရောဂါကူးစက်မှုမြင့်မားနေ၍ သင်တန်းတွေ ရပ်နားထားရသည်။ သို့သော် အောက်တိုဘာလအတွင်းမှာ သင်တန်းများ စတင်နိုင်ရန် မျှော်လင့်ထားသည်။

ယခုကိုဗစ်-၁၉ကာလတွင် မိမိရောက်ရှိရာဒေသမှ တာဝန်ကျဒေသသို့ သွားရောက်နိုင်ရန်အတွက် ခရီးသွားလာခွင့် ထောက်ခံကြောင်းညွှန်ကြားစာများကို မြို့နယ်ပညာရေးမှူးရုံးများက ထုတ်ပြန်ပေးထားကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးတင်ဦးက “အဲ့ဒါကတော့ ပညာရေးဌာနက ကျောင်းတွေ ပိတ်ထားတဲ့အခါကျတော့ တချို့လည်း ဖောင်းပြင်မှာ တာဝန်ကျတယ်ဆိုပေမယ့် မုံရွာမှာနေတယ်။ ကိုဗစ်နဲ့ဆိုတော့ ပြန်မရောက်ကြသေးဘူး မရောက်တော့ မဲရုံမှူးသင်တန်းတွေကလည်း အောက်တိုဘာမှာပေးမှာဆိုတော့ ပညာရေးဝန်ကြီးဌာနက လူအရင်စုတာ ဖြစ်မှာပါ။ သင်တန်းဘယ်နေ့ပေးမယ်ဆိုတာတော့ ညွှန်ကြားချက်မလာသေးပါဘူး”ဟုဆိုသည်။

ဆရာ၊ ဆရာမများ သတ်မှတ်ရက် ကျောင်းကိုမရောက်ဘဲ သင်တန်းတက်ရန် ပျက်ကွက်လျှင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ တာဝန်ဖြစ်ကြောင်းလည်း ညွှန်ကြားစာတွင် ပါရှိသည်။

ပညာရေးဝန်ကြီးဌာန၏  အချက်အလက်များအရ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာသင်ကျောင်းများတွင် ဆရာ၊ ဆရာမ ၄၅၀,၀၀၀ ခန့် ရှိပြီး မဲရုံးမှူးများအဖြစ် ကျောင်းအုပ်များကတာဝန်ယူရသည်။ ပြည်နယ်အချို့တွင်တော့ မဲရုံတစ်ရုံလျှင် ဆရာ၊ဆရာမ ငါးဦးနှုန်းဖြင့် တာဝန်ပေးအပ်မှုများပြုလုပ်ကာ ဆောင်ရွက်ဆဲကာလဖြစ်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ်အင်အားမည်မျှသုံးမည်ကို အတိအကျမသိရသေးပေ။

အခြေခံပညာ အထက်တန်းကျောင်းရှိသောမြို့နယ်များတွင် အထက်တန်းပြဆရာမများကို တာဝန်ချပေးသွားမည်ဖြစ်ပြီး  ဆရာ၊ဆရာမများ တာဝန်ယူရန် ဝေးလံခေါင်ဖျားသော ကျေးရွာများရှိ မဲရုံများအတွက် ပညာရေးဝန်ထမ်းများက ဆောင်ရွက်ပေးရမည်ဖြစ်သည်။

မဲရုံစောင့်  ဆရာ၊ ဆရာမများအတွက် တစ်ရက်ထောက်ပံ့ငွေ ၅၀၀၀ ကျပ်အပြင် PPE ဝတ်စုံများအပါအဝင် COVID-19 ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ရန် ပြင်ဆင်ထားကြောင်းသိရသည်။  

သင်တန်းတက်ရောက်သည့် အခန်းတစ်ခန်းလျှင် လူဦးရေ ၃၀ ထက် ပိုမထားရန်၊ ခြောက်ပေခွာရန်၊ နှာခေါင်းစည်း၊ မျက်နှာကာတပ်ဆင်ခြင်း စသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များ လိုက်နာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အဆင့်ဆင့် ညွှန်ကြားမှုများ ပြုလုပ်ထားကြောင်းသိရသည်။

May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...