နားဟိုင်းလုံ ကျေးရွာ နေအိမ်ထဲ ရေဝင်ပြီး ဒေသခံများအခက်ကြုံနေ

နားဟိုင်းလုံ ကျေးရွာ နေအိမ်ထဲ ရေဝင်ပြီး ဒေသခံများအခက်ကြုံနေ

သျှမ်းပြည် အရှေ့ပိုင်း ရွှေ သတ္တုတူးဖော်သည့် အနီးတွင်နေထိုင်သည့် တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာရှိ နေအိမ်ထဲသို့ ရေများဝင်လာကြောင်း စုံစမ်းသိရသည်။

နားဟိုင်းလုံကျေးရွာ ပတ်ပတ်လည်တွင် ရွှေတူးဖော်မှုများကို ပြုလုပ်ခဲ့ပြီး ကျေးရွာ၏ ရေမြောင်းများ၊ ချောင်းများကို သက်ဆိုင်ရာမှ လာရောက်ကြည့်ရှူ့ခြင်း၊ နုန်းများဆယ်ခြင်းမပြုလုပ်သဖြင့် ရေများနေအိမ်ထဲသို့ ဝင်လာကြောင်း နားဟိုင်းလုံကျေးရွာ မှ သူနာပြု ဆရာမ နန်းလာ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ နှစ်တိုင်း ရေကြီးပေမယ့် ဒီနှစ်က မိုးခဏလေးပဲရွာသေးတယ်။ ရေက အိမ်ထဲဝင်လာပြီ။ အရင်က ကျမ အိမ်ထဲ ရေမဝင်ဘူး။ ဒီနှစ်တော့ ရေဝင်တယ်။ မိုးသည်ရင်တော့ ဒီထက်ဆိုးနိုင်တယ်” ဟု နန်းလာ က ဆိုသည်။

နားဟိုင်းလုံ ကျေးရွာ အနီးတွင် ရွှေသတ္တုတူးဖော်မှုကို ၂၀၀၇ ခုနစ်တွင် စတင်တူးဖော်ခဲ့ရာ ဒေသခံပြည်သူများက ခေတ်အဆက်ဆက် ကန့်ကွက်ခဲ့သော်လည်း ယနေ့ချိန်ထိ ရပ်ဆိုင်းခြင်းမရှိခဲ့ပေ။

“ တနှစ်ထက် တနှစ် ရေကြီးမှုက ပိုဆိုးလာတယ်။ အိမ်မွေးတိရိစ္ဆာန် ကြက်တွေလည်း သေကုန်တယ်။ အိမ်ထဲရေဝင်တော့ ဘာမှ လုပ်လို့မရဘူး” ဟု နန်းလာက ပြောသည်။

ရွှေတူးဖော်မှုများသည် ယခင်ကထက်ပိုများလာကြောင်း၊ ထို့ပြင်သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် နားဟိုင်းလုံ ကျေးရွာသို့ လာရောက်ကြည့်ရှု့ခြင်းမရှိကြောင်း နားဟိုင်းလုံဒေသခံများက ပြောသည်။

“ ကျမတို့ဆီ ကို ဘယ်အစိုးရက မှလာမကြည့်ဘူး။ သက်ဆိုင်ရာက လာမကြည့်တဲ့အတွက် ရွှေတူးတဲ့ကုမ္ပဏီ တွေ လုပ်ချင်တိုင်းလုပ်ဆိုတဲ့သဘောဖြစ်နေတယ်။ ကုမ္ပဏီတွေ က မြောင်းတွေ နုန်းတွေ မဆယ်ပေးတော့ဘူး” ဟု နားဟိုင်းလုံ ဒေသခံ တဦး က ပြောသည်။

လက်ရှိမှာ မိုးရာသီဖြစ်သဖြင့် ချောင်းထဲရှိနုန်းများကို ဆယ်ပေးရန်နှင့်မြောင်းများလာရောက်ဖော်ပေးချင်ကြောင်းလည်း နားဟိုင်းလုံ ဒေသခံများက ပြောသည်။

နားဟိုင်းလုံကျေးရွာ တွင် ရွှေတူးဖော်မှု စီမံကိန်းများကြောင့် လယ်ယာမြေများ ဧကပေါင်းရာနှင့်ချီ ပျက်စီးခဲ့ပြီး၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ မြစ်ချောင်းများ တိမ်ကောခြင်းတို့ဖြစ်ခဲ့သည်။

ထို့ပြင် ရွှေတူးဖော်မှုကို သွားရောက် ကန့်ကွက်ရာတွင်လည်း ဒေသခံ အမျိုးသားတဦးသေဆုံးခဲ့ပြီး၊ ထိုသေဆုံးမှုကြောင့် လက်ရှိအချိန်ထိ တရားမျှတမှု မရရှိခဲ့သေးပေ။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...