ရခိုင်ပြည်နယ်တွင် စစ်ရေးတိုက်ခိုက်မှုများ အမြန်အဆုံးသတ်ရန် ကုလ လူ့အခွင့်အရေး ကျွမ်းကျင်သူ တောင်းဆို

ရခိုင်ပြည်နယ်တွင် စစ်ရေးတိုက်ခိုက်မှုများ အမြန်အဆုံးသတ်ရန် ကုလ လူ့အခွင့်အရေး ကျွမ်းကျင်သူ တောင်းဆို

ကလေးသူငယ်များပါ သေဆုံးမှု မြင့်တက်လာပြီးနောက် ရခိုင်ပြည်နယ်၊ ကျေးရွာများအနီးတွင် ဆက်လက် ဖြစ်ပေါ်နေသည့် စစ်ရေးတိုက်ခိုက်မှုများ အမြန်ဆုံး အဆုံးသတ်ကြရန် ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်သူ သောမတ်စ် အင်ဒရူးစ်က စက်တင်ဘာလ ၂၂ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

အခြားသူများ အပါအဝင် ကလေးသူငယ်များ သေဆုံးမှုတွင် အပြန်အလှန် ပစ်ခတ်မှုများကြောင့်လော၊ တမင် ပစ်မှတ်ထားခြင်းကြောင့်လောဟု အပူတပြင်း မေးခွန်းထုတ်စရာ ဖြစ်လာနေသည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အင်ဒရူးစ်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

“စစ်ရေးတိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်ဖို့၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တောင်းဆိုထားတဲ့အတိုင်း (ကိုဗစ်ကပ်ရောဂါ ကာလအတွင်း) အပစ်အခတ် ရပ်စဲမှုတွေ အမြန်ဆုံး လုပ်ဖို့လိုတယ်” ဟုလည်း သူက ပြော သည်။

ပြီးခဲ့သည့် သီးတင်းနှစ်ပတ် အကြာက မြေပုံမြို့နယ်တွင် အမြောက်ကျည်ဆန် ကျမှုကြောင့် ငါးနှစ်အရွယ် ကလေးနှစ်ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သူ ဆိုသည်။

မြန်မာနိုင်ငံသည် ရွေးကောက်ပွဲကျင်းပရန် ပြင်နေသည့်ကာလအတွင်း COVID-19 ကပ်ရောဂါ ကာကွယ် တိုက်ဖျက်ရေး ပြင်းထန်သော စိန်ခေါ်မှုကို ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုများ အများအပြား လုပ်ဆောင်ပေးကြရန် မစ္စတာ အင်ဒရူးစ်က တောင်းဆိုထားသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...