ရွေးကော်က လူ့ဘောင်သစ် ပါတီ မဲဆွယ်မိန့်ခွန်း ဆင်ဆာဖြတ်တောက်

ရွေးကော်က လူ့ဘောင်သစ် ပါတီ မဲဆွယ်မိန့်ခွန်း ဆင်ဆာဖြတ်တောက်

နိုင်ငံရေး ပါတီမိတ်ဆက် ရုပ်သံရိုက်ကူးရာတွင် ပြောရမည့်စကားလုံးအချို့ကို ဖြတ်တောက်ခြင်းကြောင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အနေဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ရိုက်ကူးထုတ်လွှင့်ခြင်းကိုပြုလုပ်တော့ မည်မဟုတ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က မဇ္စျိမသို့ ပြောသည်။

" လက်ပံတောင်းတို့ မလက်တိုတို့ အဲဒီကိစ္စတွေကို ပြောတယ်။ အဲဒါကို သူတို့က မပြောရဘူးဆိုပြီးဖျက်တယ်။ ယူနီဆက်တဲ့အစီရင်ခံစာမှာပါတဲ့ ကလေးသူငယ်ကိစ္စကို ကိုးကားပြီးပြောတာကိုသူတို့ကလက်မခံဘူး။ သူတို့ကို ကိုယ်ပြောမယ့်ဟာကို ပို့ပေးရတယ်။အဲဒီလိုဖြစ်တော့ ကျွန်တော်လည်း မပြောတော့ဘူးဆိုပြီး အကြောင်းပြန်လိုက်တယ်'' ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က မဇ္စျိမသို့ ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အနေဖြင့် ပါတီမူဝါဒ၊ ပါတီမိတ်ဆက်ခြင်းကို စက်တင်ဘာလ ၂၂ရက်၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မှတဆင့်ပြောကြားရမည်ဖြစ်သော်လည်း ထိုသို့ ဖြတ်တောက်ခြင်းကြောင့် ရိုက်ကူးထုတ်လွှင့်ခြင်းကို မပြုလုပ်ခြင်း ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။

ယခုကဲ့သို့ နိုင်ငံရေးပါတီများ၏ ပြောဆိုချက်များအပေါ် ဆင်ဆာဖြတ်ခြင်း၊ ပြောဆိုခြင်းမပြုခြင်းသည် ရုပ်ဆိုးပြီး အဓိပ္ပါယ်မရှိကြောင်း ၎င်းကပြောသည်။

ထို့ပြင် နိုင်ငံရေးပါတီများ၏ ပါတီမိတ်ဆက်၌စကားလုံးတချို့တည်းဖြတ်ခံရမှုသည်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ ပါတီအချို့လည်း ပါဝင်ကြောင်း လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဆိုသည်။

ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ပါတီထံ ယင်းအကြောင်းအရာနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရပေ။

မြန်မာ့အသံနှင့် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ကမူ ဆင်ဆာဖြတ်ခြင်း၊ တည်းဖြတ်ခြင်းမရှိကြောင်း မဇ္စျိမကို ပြောသည်။

"ကျွန်တော်တို့ အဲဒီလို ဆင်ဆာဖြတ်တာတည်းဖြတ်တာမရှိပါဘူး။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကနေ ထုတ်ပြန်ချက်ထုတ်ထားပါတယ်"ဟု မြန်မာ့အသံနှင့် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြောသည်။

ထို့ပြင်မြန်မာအသံနှင့် ရုပ်မြင်သံကြား၏ ထုတ်ပြန်ချက်တွင် သက်ဆိုင်ရာနိုင်ငံရေးပါတီများ စည်းရုံးဟောပြောချက် ၊ရိုက်ကူးထုတ်လွှင့်မှုများအပေါ် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာအသံနှင့် ရုပ်မြင်သံကြား၊ နှင့် နေ့စဉ်ထုတ် သတင်းစာများအေနဖြင့် တည်းဖြတ်ပြင်ဆင်ခြင်းမရှိကြောင်းလည်း ထုတ်ပြန်သည်။

August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...
August 13, 2026
စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ...