သုဝဏ္ဏမြက်ခင်းတု အားကစားကွင်း၌ COVID ပိုး အဖြေထွက်ရှိသည့် လူနာ ၄၀၀ ကျော်ထားရှိသွားမည်

သုဝဏ္ဏမြက်ခင်းတု အားကစားကွင်း၌ COVID ပိုး အဖြေထွက်ရှိသည့် လူနာ ၄၀၀ ကျော်ထားရှိသွားမည်
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သုဝဏ္ဏမြက်ခင်းတု အားကစားကွင်းက ကွာရန်တင်းစင်တာတွေ မှာ COVID-19 ရောဂါပိုးတွေ့ရှိသူ ၄၁၆ ဦးကို ထားရှိသွားမည်လို့ ယာယီ COVID-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ)က  ဆေးရုံအုပ် ဖြစ်သူ ဒေါက်တာကောင်းမြတ်စိုးက မဇ္ဈိမသတင်းဌာန ကိုပြောပါတယ်။

“ Positive တွေပါ။ ရောဂါလက္ခာဏ မပြတဲ့လူတွေပါ။ ဥပမာ-နှာခေါင်းပိတ်တဲ့လူတွေ ၊ ဖျားတာ၊နာတာ၊ ချောင်းဆိုး တာမရှိဘူး။ကွာရန်တင်းကနေ Positive ထွက်လာတဲ့ လူနာတွေ ၊ အဖြေထွက်တာ နှစ်မျိုးရှိတယ်။ ကွာရန်တင်းက ထွက်တာနဲ့ PUI (ဆေးရုံးတွေကနေထွက်တာ)တွေ Positive ထွက်ရင်တော့ ဖောင်ကြီး ၊ တောင်ဥက္ကလာအမျိုးသမီး ဆေးရုံး ၊ ဝေဘာဂီတို့ကို ပို့ပါတယ်။ဒီမှာကြတော့ ကွာရန်တင်းကနေ ရောဂါလက္ခာဏ သိပ်မပြတဲ့ လူနာတွေကို ဒီနေရာ တွေမှာထားပါမယ် “ လို့ ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးက ပြောပါတယ်။

လက်ရှိအချိန်ထိ ကွာရန်တင်းစင်တာတွေမှာ ပိုးတွေလူနာတွေကိုထားရှိဖို့အတွက်  သုဝဏ္ဏမြက်ခင်းတုအားကစားကွင်း ကို ပြင်ဆင်နေပြီး  လှိုင်ကွာရန်တင်းစင်တာ ၊ ဒဂုံဆိပ်ကမ်းက ရိုးမရိပ်သာတို့မှာတော့ လူနာတွေကို စတင်ထားရှိနေပြီ ဖြစ်ပါတယ်။

“ တတ်နိုင်သမျှမြန်မြန်လောနေပါတယ်။ အဓိက အလုပ်သမားပါ။ နယ်ပြန်တာတွေရှိတယ်။ ဝင်လို့၊ ထွက်လို့မရတာ တွေရှိတယ်။ ဦးဇော်ဇော်ကလည်း တွန်းပြီးလုပ်ခိုင်းပါတယ်။ ပြီးစီးဖို့မှန်းထားတာ က လာမည့်သောကြာနေ့  အပြီးလုပ်ပြီး စနေ၊တနင်္ဂနွေ လောက်ထားနိုင်ဖို့မှန်းထားပါတယ် “ လို့ ဒေါက်တာကောင်းမြတ်စိုးက ပြောပါတယ်။

မကွေးတိုင်းဒေသကြီးမှာ လုပ်အားပေးသူနာပြုဆရာ၊ဆရာမ ၁၂ ဦးရှိနေပြီး ဆရာဝန် ၁၂ ဦးထပ်မံရောက်ရှိဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ COVID -19 ရောဂါကုသရေးဌာန၊ သုဝဏ္ဏမြက်ခင်းတု အားကစားကွင်းမှာ  ယာယီအဆောက်အုံ လေးလုံးနဲ့ အဆောက်အအုံ တစ်လုံးမှာ လူဦးရေ ၁၀၄ ဦးစီ ဖြင့် ထားရှိသွားမယ်လို့ ပြောပါတယ်။

လူနာတွေ နေထိုင်ဖို့အတွက်ကိုတော့ အခန်းအကျယ်သုံး မီတာ (၇ပေခွဲ )နဲ့ နှစ် မီတာ( ၅ပေ )ပတ်လည် အကျယ်ရှိတယ်လို့ သိရပါတယ်။

ရောဂါကုသရေးဌာနမှာထားရှိမယ့် လူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ကုသရေးကိစ္စအဝဝကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆောင်ရွက်သွားမှာဖြစ်ပြီး တည်ဆောက်ရေးနဲ့ နေ့စဉ် အစားသောက် ကုန်ကျစရိတ်တွေကို ဧရာဝတီဖောင်ဒေးရှင်းက ကျခံသွားမှာဖြစ်ပါတယ်။  

တာဝန်ယူကုသပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေကိုတော့ ရန်ကုန်ဘောလုံးအကယ်ဒမီအဆောက်အုံမှာ ထားရှိသွားမှာ ဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...