NLD မှ နုတ်ထွက်သည့် ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ တစ်သီးပုဂ္ဂလ ဝင်ပြိုင်မည်

NLD မှ နုတ်ထွက်သည့် ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ တစ်သီးပုဂ္ဂလ ဝင်ပြိုင်မည်

စောသန်းထိုက်ဦး  — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ နုတ်ထွက်ပြီး ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ပြောသည်။

“ဦးသောင်းဌေးက ဗဟိုကနေ နုတ်ထွက်ခိုင်းတယ် ဆိုပြီးတော့မှ ကျွန်တော့ကို message ပို့လာတယ်။ အဲဒါကြောင့် ကျွန်တော် နုတ်ထွက်တာပါ” ဟု စက်တင်ဘာလ ၃ ရက်နေ့က သတင်းထောက်များနှင့်တွေ့ဆုံစဉ် ဦးလှထွေးက ပြောကြားသည်။ ဦးသောင်းဌေးသည် ကယားပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဖြစ်သည်။

NLD ပါတီမှ နုတ်ထွက်စာကို ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့တွင်တင်ပြီး ဩဂုတ်လ ၁၀ ရက်နေ့တွင် နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း ဦးလှထွေးက ရှင်းပြသည်။

“မပါတော့ ကျွန်‌တော့မှာ လွမ်းစရာ မရှိပါဘူး။ နောက် ကျွန်တော် တစ်သီးပုဂ္ဂလ ပြိုင်တယ်ပေါ့။ ဒါလည်းပဲ ကျွန်တော်က တရားဝင်တော့ ငါက NLD က မပါလို့ တစ်သီးပုဂ္ဂလပြိုင်တယ် မဟုတ်ပါဘူး။ လူနဲ့ပါတီကို ပါတီကြည့်မယ်။ ပါတီနဲ့ ပြည်သူ၊ ပြည်သူကို ကြည့်မယ်ဆိုတော့ ကျွန်တော့ အမျိုးသမီးကို ကျွန်တော့ မဲဆန္ဒနယ်ကို လွှတ်တယ်။ လွှတ်ပြီးမှ ပြည်သူရဲ့ဆန္ဒအရ ကျွန်တော် တစ်သီးပုဂ္ဂလ ပြိုင်တာပါ” ဟု ဆိုသည်။

ဦးလှထွေးသည် ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီကိုယ်စားပြု၍ ရှားတောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာတွင် အနိုင်ရခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။

“အားလုံး ပြင်ဆင်ထားပြီးပြီ။ ၂၀၁၅ အတွေ့အကြုံလည်း ကျွန်တော့မှာ ရှိပြီးသား။ ရှားတောမြို့နယ် NLD ဖြစ်အောင် ကျွန်တော်လုပ်ခဲ့တာပဲ။ ရှားတောမြို့နယ် ဆိုင်းဘုတ်လာတင်တယ်။ တစ်နှစ်လုံးလုံး ကျွန်တော်တို့ လုပ်ခဲ့တယ်” ဟု ဦးလှထွေးက ပြောသည်။

ရှားတောမြို့နယ်တွင် NLD ပါတီအနေဖြင့် ဦးလှထွေး နေရာ၌ နော်ဆဲဂေထူးကို ရွေးချယ်ထားသည်။ ရွေးကောက်ပွဲ ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ ကယားပြည်နယ်တွင် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦးနှင့် နိုင်ငံရေးပါတီ ၁၃ ခုတို့မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၇၂ ဦးရှိကြောင်း သိရသည်။

ပါတီ ၁၃ ခုမှာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊  ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကယန်း အမျိုးသားပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ် ပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ မြန်မာနိုင်ငံတောင်သူ လယ်သမား အလုပ်သမား ပြည်သူ့ ပါတီတို့ ဖြစ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...