မီဒီယာများနှင့် ပိုးတွေ့လူနာ ဆက်စပ်မှုရှိခဲ့သည့် သတင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က သတင်းစာရှင်းလင်းပွဲ ဖျက်သိမ်း

မီဒီယာများနှင့် ပိုးတွေ့လူနာ ဆက်စပ်မှုရှိခဲ့သည့် သတင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က သတင်းစာရှင်းလင်းပွဲ ဖျက်သိမ်း

နေပြည်တော်ရှိ မီဒီယာ အချို့နှင့် COVID-19 ပိုးတွေ့လူနာ ထိတွေ့မှုရှိခဲ့သည့် သတင်းကြောင့် စက်တင်ဘာ ၉ရက်ညနေပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။  

စက်တင်ဘာ၉ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရှိ အစိုးရရုံးဌာနအချို့တွင် COVID-19 ကူးစက်မှုများ ရှိလာသောကြောင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် ယာယီရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြောသည်။  

“COVID-19 ပျံ့နှံ့မှုက တချို့ရုံးဌာနတွေမှာလည်း ရှိတယ် မီဒီယာတွေနဲ့ တချို့ဆက်စပ်တဲ့နေရာတွေလည်း ရှိတော့ အဲ့ဒါကြောင့်မို့လို့ပါ လတ်တလောကျ နည်းနည်းလေး risk ရှိနေလို့ပါ”ဟု ဦးခင်မောင်ဦးကပြောသည်။  

စက်တင်ဘာ ၉ ရက်နေ့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ သမ္မတအိမ်တော် ဝန်ထမ်းတစ်ဦးတွင်လည်း ကိုဗစ်ပိုး တွေရှိခဲ့ပြီး အဆိုပါဝန်ထမ်းအနေဖြင့် မီဒီယာအချို့မှ သတင်းထောက်များနှင့် တွေဆုံမှုရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ နေပြည်တော်ကောင်စီ တိုင်းကျန်းမာရေးဦးစီမှုး ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။  

 ရွေးကောက်ပွဲကော်မရှင်၏ သတင်းစာရှင်းလင်းပွဲကို လတ်တလော ကျင်းပနိုင်မည် မဟုတ်ဘဲ ပြန်လည် ကျင်းပမည့်ရက်ကို UEC ၏ Facebook စာမျက်နှာမှ ဖော်ပြသွားမည်ဟု ပြောသည်။  

 အိမ်တော်ရှိ ဝန်ထမ်းများ၊ ၎င်းနှင့် ဆက်စပ်မှုရှိခဲ့သော သတင်းထောက်များကို ၁၄ရက် စောင့်ကြည့်ပြီး နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် စစ်ဆေးမှု နှစ်ကြိမ်ပြုလုပ်သွားမည်ဟု သိရသည်။  

စက်တင်ဘာလ ၉ရက်နေ့ နံနက် ၈နာရီ အထိထုတ်ပြန်ချက်အရ နေပြည်တော်ကောင်စီနယ်မြေအတွင်း ပိုးတွေ့သူ ၁၆ဦး ရှိပြီ ဖြစ်သည်။ 

August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...
August 13, 2026
စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ...