ပြည်သူကို အလုပ်အကျွေးပြုမည့် ခေါင်းဆောင်များအား မဲပေးကြရန် ကာဒီနယ် ချားလ်စ် မောင်ဘို တိုက်တွန်း

ပြည်သူကို အလုပ်အကျွေးပြုမည့် ခေါင်းဆောင်များအား မဲပေးကြရန် ကာဒီနယ် ချားလ်စ် မောင်ဘို တိုက်တွန်း

အသံတိတ်နေရသူများကို အင်အားပေးနိုင်မည့်၊ ငြိမ်းချမ်းရေးအတွက် ရိုးသားစွာ လုပ်ဆောင်မည့် နိုင်ငံရေးပါတီများနှင့် ပြည်သူကို အလုပ်အကျွေးပြုသော ခေါင်းဆောင်များကို မဲပေးကြရန် လာမည့် နိုင်ဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ မြန်မာပြည်သူများအား ကက်သလစ် ဘာသာရေးခေါင်းဆောင် ကာဒီနယ် ချားလ်စ် မောင်ဘိုက တိုက်တွန်းလိုက်သည်။

ထိုနိုင်ငံရေးပါတီများနှင့် ခေါင်းဆောင်များသည် အထက်ဖော်ပြပါ တာဝန်များကို ပဋိပက္ခကြောင့် ဒုက္ခဆိုက်နေသည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီမှတစ်ဆင့်၊ စီးပွားရေးဆိုင်ရာ ခိုင်မာသေချာမှုနှင့် လူမျိုး၊ ဘာသာ၊ အသားအရောင် မခွဲခြားဘဲ လုပ်ဆောင်ပေးနိုင်သူများဖြစ်စေရန် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ် မောင်ဘိုက တိုက်တွန်းကြောင်း စက်တင်ဘာလ ၃ ရက်နေ့ ဗာတီကန် နယူးစ်တွင် ဖော်ပြထားသည်။

ကာဒီနယ် ချားလ်စ် မောင်ဘို၏ မေတ္တာရပ်ခံချက်တွင် ရခဲလှသည့် အခွင့်အရေးနှင့် မဲပေးရမည့် တာဝန်သည် မည်သည့် ဒီမိုကရေစီအတွက်မဆို အရေးကြီးကြောင်း မြန်မာနိုင်ငံသားများကို သတိပေးထားသည်။

ခိုင်မာသော ဒီမိုကရေစီဖြစ်ရေး အားပေးခြင်းသည် ပဋိပက္ခဖြင့် အသားကျပြီး အနာတရဖြစ်နေသော နိုင်ငံအတွက် ကုစားရန် တစ်ခုတည်းသော မျှော်လင့်ချက်လည်းဖြစ်ကြောင်း အာရှ ခရစ်ယာန်ဘုန်းကြီးများ ဖက်ဒရေးရှင်း ညီလာခံ (FABC) ၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ကာဒီနယ် ချားလ်စ် မောင်ဘိုက ဗာတီကန် နယူးစ်သို့ ပြောကြားထားသည်။

ထို့အပြင် ကာဒီနယ် ချားလ်စ် မောင်ဘိုက သူ့အနေဖြင့် နိုင်ငံရေးသမားတစ်ယောက် အဖြစ်မဟုတ်ဘဲ မြန်မာ့အသိုင်းအဝိုင်း တစ်ခုလုံး၏ ကောင်းကျိုးနှင့် အားလုံးတန်းတူ ကောင်းစားရေးအတွက်သာ ဆန္ဒရှိသော ဘာသာရေးပုဂ္ဂိုလ် တစ်ဦးအဖြစ် တိုက်တွန်းခြင်း ဖြစ်ကြောင်းလည်း မေတ္တာရပ်ခံချက်တွင် ရှင်းပြထားသည်။

သက်တော် ၇၂ နှစ်အရွယ် ရှိပြီဖြစ်သည့် ကာဒီနယ် ချားလ်စ် မောင်ဘိုက မိမိ ဆန္ဒမဲပေးရမည့်သူများကို အကဲခတ် ဆုံးဖြတ်ကြရန်၊ ကျွန်ုပ်တို့အားလုံး၏ သယံဇာတများကို ဖျက်လိုဖျက်ဆီး လုပ်သွားကြပြီး ကျွန်ုပ်တို့ကို ဆင်းရဲတွင်း နက်စေသည့် လုယူတတ်သူများနှင့် ခရိုနီများကိုလည်း ရှောင်းရှားကြရန် သတိပေးသွားသည်။

၂၀၁၅ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်အဖြစ် ခန့်အပ်ခြင်းခံရသော ကာဒီနယ် ချားလ်စ် မောင်ဘိုသည် မြန်မာအမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးတို့အတွက် မကြာခဏ ပြောဆိုတိုက်တွန်းလေ့ရှိပြီး မြန်မာ့ရွေးကောက်ပွဲတွင် ဘာသာရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ မဲပေးခွင့်ရရေး တောင်းဆိုသူနှင့် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံနှင့် ဆက်စပ်သော လုပ်ငန်းများကို ဝေဖန်ပြောဆိုသူလည်း ဖြစ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...