ICJ ရောက် မြန်မာအမှုတွင် ကနေဒါနှင့် နယ်သာလန် ပူးပေါင်းပါဝင်မှု Burmese Rohingya Organization UK ကြိုဆို

ICJ ရောက် မြန်မာအမှုတွင် ကနေဒါနှင့် နယ်သာလန် ပူးပေါင်းပါဝင်မှု Burmese Rohingya Organization UK ကြိုဆို

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် မြန်မာကို ဂမ်ဘီယာနိုင်ငံက တရားစွဲသည့်အမှု၌ တရားဝင် ပူးပေါင်းပါဝင်မည့် ကနေဒါနှင့် နယ်သာလန်နိုင်ငံတို့၏ ကြေညာချက်သည် သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်ပြီး ကြိုဆိုကြောင်း Burmese Rohingya Organization UK က သတင်းထုတ်ပြန်သည်။

ဤသမိုင်းဝင် ဆုံးဖြတ်ချက်သည် ၂၀၁၇ လူမျိုးတုံးသတ်ဖြတ်မှုတွင် အသက်ရှင်ကျန်သူများနှင့် ရိုဟင်ဂျာ (မူရင်း) ဒုက္ခသည်များအတွက် တရားမျှတမှု ထပ်ရစေမည့်အရေးဖြစ်ကြောင်း၊ ကနေဒါနှင့် နယ်သာလန်တို့၏ ဦးဆောင်မှုနောက်သို့ အခြားအစိုးရများ လိုက်ပါစေရန် အရေးပါကြောင်း Burmese Rohingya Organization UK ၏ စက်တင်ဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှေးသော်လည်း သေချာပေါက်အားဖြင့် မြန်မာခေါင်းဆောင်များ ဘောင်ကျဉ်းလာပြီး လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်မှ လွတ်တော့မည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲ မှုကို ထောက်ခံခြင်းအားဖြင့် ကနေဒါနှင့် နယ်သာလန်နိုင်ငံတို့သည် ရိုဟင်ဂျာ (မူရင်း) ဒုက္ခသည်များနှင့်အတူ ရပ်တည်ခြင်းသာမက သမိုင်းတွင် အမှန်တရားဘက်မှ ရပ်တည်ခြင်းလည်းဖြစ်ကြောင်း ၎င်းအဖွဲ့၏ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောသည်။

ICJ တွင် စွဲချက်တင်သည့် ဂမ်ဘီယာကို ထောက်ခံခြင်းအားဖြင့် အလားတူ ဦးဆောင်မှုမျိုးကို လုပ်ဆောင်ကြရန်လည်း အခြားအစိုးရများကို Burmese Rohingya Organization UK က တိုက်တွန်းထားသည်။

တပ်မတော်နှင့် တပ်မတော်ပိုင် ကုမ္ပဏီများကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူရန်၊ ရိုဟင်ဂျာများ (မူရင်း) မိမိဆန္ဒအလျောက် လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး အခြားအစိုးရများလည်း ပူးပေါင်းပါဝင်ကြရန်လည်း ၎င်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

August 17, 2026
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေများရှိ မြေရှားသတ္တုတူးဖော်မှုကို စည်းမျဉ်းချမှတ်...
August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...