ကိုဗစ်-၁၉ လူနာ အမှတ်(၉၉၇)သည် ကလော တပ်မ (၅၅) တပ်သားဖြစ်

ကိုဗစ်-၁၉ လူနာ အမှတ်(၉၉၇)သည် ကလော တပ်မ (၅၅) တပ်သားဖြစ်

နန်းဆိုင်ဖူး — ကိုဗစ်-၁၉ အတည်ပြု လူနာ အမှတ် (၉၉၇) သည် သျှမ်းပြည် တောင်ပိုင်း ကလော တပ်မ (၅၅) မှာ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သား တစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အတည်ပြု လူနာ အမှတ် (၉၉၇) သည် ရခိုင်ပြည်မှ ပြန်လာသူတစ်ဦးဖြစ်ပြီး ၎င်းသည် အောင်ပန်းမြို့ရှိ ခုတင် (၇၀၀) ဆေးရုံကြီး တွင် Quarantine ဝင်ထားသူ တဦးဖြစ်သည်။

ထိုလူနာ အမှတ် (၉၉၇) ၏ ဓာတ်ခွဲနမှုနာကို နေပြည်တော်ရှိ အမှတ်(၂) တပ်မတော် ဆေးရုံကြီးသို့ ပို့ဆောင် စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း Covid-19 ကူစက်ခံရတဲ့ တပ်မတော်သား (၇) ဦးမြောက်ဖြစ်သည်။

စက်တင်ဘာ (၃) ရက် မနက် ၈ နာရီ အချိန်မှာ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ဓါတ်ခွဲအတည်ပြူ လူနာ (၆၃) အနက် ရန်ကုန်တိုင်းဒေသကြီးက အများဆုံး ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပိုးတွေ့လူနာ (၁၀၅၈) ဦး ၊ ရောဂါပိုးကင်းစင်သူ ( ၃၅၉ ) ဦး၊ လက်ရှိ လူနာ (၆၉၃) ဦး နှင့် သေဆုံးသူ (၆) ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ် တို့မှာ ပိုးတွေ့လူနာ အများဆုံး ရှိပြီး သျှမ်းပြည်မှာ ပိုးတွေ့ လူနာ (၂) ဦးရှိပြီး ၎င်းတို့မှာ စဝ်စံထွန်းဆေးရုံ တစ်ဦး နှင့် တပ်မတော်သား တစ်ဦးမှာ အမှတ်(၂) တပ်မတော်ဆေးရုံ ကုတင် (၇၀၀) အောင်ပန်းမြို့မှာ ကုသမှုခံယူနေကြောင်းသိရသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...