တာချီလိတ်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

တာချီလိတ်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

စိုင်းဆိုင်လှိုင်း — မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် အသက် ၁၉ နှစ်အရွယ် အမျိုးသားတဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သြဂုတ် ၃၁ ရက် ည ၇ နာရီကျော်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ၊ ပုံလို့လမ်းတွင် နေထိုင်သည့် မောင်သုတမိုး ကို အမည်မသိ လူတစုက ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မ ရဲစခန်းက ပြောသည်။

“မနေ့ည (၇)နာရီ ကျော်လောက်မှာဖြစ်တာ။ လမ်းမပေါ်ကနေပြီးတော့ အိမ်ထဲကို သေနတ်ပစ်သတ်သွားတာပါ။ အခုက အမှုကိုစုံစမ်းစစ်ဆေးနေပါတယ်။ ဘယ်သူလာပစ်သွားလဲဆိုတာ စုံစမ်းနေဆဲပါ” ဟု တာချီလိတ် ရဲမှုးညီညီထွေးက ပြောသည်။

အဆိုပါသေနတ်ပစ်ခံရသည့် အမျိုးသားကို တာချီလိတ်နာရေးကူညီမှုအသင်းမှ သွားရောက်ခေါ်ဆောင်ခဲ့ရာ တာချီလိတ်ဆေးရုံအရောက် သေဆုံးသွားခဲ့ကြောင်းသိရသည်။

“ ကျနော်တို့ ဒီကိစ္စက ဘာမှသိပ်ပြောလို့မရသေးဘူး။ အမှုတွေစစ်ဆေးနေသေးတယ်” ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေနတ်ပစ်ခံရသည့် အသက် (၁၉ )နှစ် အရွယ် မောင်သုတမိုးသည် တာချီလိတ်မြို့ ရှိ ဟိုတယ်တစ်ခုတွင် လုံခြုံရေးအလုပ်လုပ်နေသူတစ်ဦးဖြစ်ကြောင်း ဦးချမ်းမြေ့စော က ပြောသည်။

တာချီလိတ်မြို့သည် ထိုင်းနယ်စပ် မြို့တမြို့ ဖြစ်ပြီး၊ မကြာခဏ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်နေရာတခုလည်း ဖြစ်သည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...