ရွေးကောက်ပွဲဝင်မည့် ဦးဌေးအောင်အမှုကို ၆ လအတွင်း အပြီးသတ်စစ်မည်

ရွေးကောက်ပွဲဝင်မည့် ဦးဌေးအောင်အမှုကို ၆ လအတွင်း အပြီးသတ်စစ်မည်

နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲခံထားရတဲ့ ဦးဌေးအောင်အမှုကို ခြောက်လအတွင်း အပြီးသတ်စစ်ဆေးသွားမယ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက သိရပါတယ်။

ဦးဌေးအောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနဲ့ အစိုးရအပေါ်ဝေဖန်ပြောဆိုလေ့ရှိသူဖြစ်သလို့ ဩဂုတ်လ ၈ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဦးဌေးအောင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအစိုးရဟာ နိုင်ငံခြားအထောက်အပံ့တွေရယူနေတယ်ဆိုပြီး ပြောဆိုခဲ့တဲ့နောက် ဩဂုတ်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတာပါ။  

ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ ဦးဌေးအောင်ကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ပထမဆုံးအကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။

ဒီကနေ့ ရုံးချိန်းမှာတော့ ဦးဌေးအောင်က အမှုကို အာမခံလျှောက်ထားမှာ မဟုတ်သလို ရှေ့နေလဲ ခေါ်ယူမှာမဟုတ်ဘဲ အမှုကို ကိုယ်တိုင်ချေပသွားမယ်လို့ တရားခွင်မှာ ပြောဆိုခဲ့ပါတယ်။

ဦးဌေးအောင်ရဲ့ ပထမဆုံးအကြိမ် ရုံးချိန်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပုဇွန်တောင်မြို့နယ် ဥက္ကဋ္ဌ ဦးစိုးမင်းသန်းက လာရောက်ဝန်းရံခဲ့ကြပါတယ်။

အခုလာရောက်ဝန်းရံတာဟာ ပါတီနဲ့ ပတ်သက်မှုမရှိဘဲ ပုဇွန်တောင်မြို့နယ်အတွင်းမှာ နေထိုင်သူဖြစ်တဲ့အတွက် လာရောက်အားပေးစကားပြောတာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပုဇွန်တောင်မြို့နယ် ဥက္ကဋ္ဌ ဦးစိုးမင်းသန်းက ပြောပါတယ်။

“ဒီကနေ့ အရှေ့ပိုင်းခရိုင် တရားရုံးကို လာရောက်တဲ့အကြောင်းက ပုဇွန်တောင်မြို့နယ် အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ ဟိုတယ်ပိုင် ဦးဌေးအောင်ရဲ့ ရုံးချိန်းဖြစ်တဲ့အတွက် လာရောက်ကြည့်ရှုအားပေးတာပါ။ ဒေါက်တာ နန္ဒာလှမြင့်ပြောသလိုပဲ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီနဲ့ ဆက်နွယ်မှု မရှိပါဘူး။ ပြည်ခိုင်ဖြိုးပါတီဝင်လည်းမဟုတ်ပါဘူး။ ” လို့ ဦးစိုးမင်းသန်းက ပြောပါတယ်။

ဦးဌေးအောင်ဟာ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အပြိုင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံဖို့ အမည်စာရင်း တင်သွင်း ထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူဟာ လက်ရှိမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မနဲ့ အဖမ်းခံထားရပေမယ့် တရားရုံးက ပြစ်ဒဏ်မချသေးရင် ဥပဒေကြောင်းအရ ရွေးကောက်ပွဲဝင်ပြိုင်ခွင့် ရှိသေးတယ်လို့ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက မီဒီယာတချို့မှာ ဖြေကြားထားပါတယ်။

အခုတရားစွဲခံထားရတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၁၂၄ (က) ဟာ နှုတ်နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ၊ ပြည်ထောင်စု ဒါမှဟုတ် ပြည်ထောင်စုအဖွဲ့ဝင်တွေအတွက် ဥပဒေအရ တည်ထောင်ထားတဲ့ အစိုးရကို မုန်းတီး အောင်၊ မလေးစားအောင်လုပ်ရင် တရားစွဲဆိုနိုင်တဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားရင် ငွေဒဏ်နဲ့ တစ်သက်တစ်ကျွန်းထက်မပိုတဲ့ ပြစ်ဒဏ်ကို ချမှတ်နိုင်ပါတယ်။

လာမယ့်ရုံးချိန်းကို ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးက စက်တင်ဘာလ ၁၁ ရက်နေ့ကို ချိန်းဆိုထားပါတယ်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...