စစ်တွေတက္ကသိုလ်နှင့် ရခိုင်ပြည်နယ်လွှတ်တော်အား ယာယီဆေးရုံပြုလုပ်ရန်စီစဉ်နေ

စစ်တွေတက္ကသိုလ်နှင့် ရခိုင်ပြည်နယ်လွှတ်တော်အား ယာယီဆေးရုံပြုလုပ်ရန်စီစဉ်နေ

ကိုဗစ်-၁၉ ပိုးတွေ့လူနာများပြားလာသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူနာများထားရှိရန် စစ်တွေတက္ကသိုလ်အား ယာယီဆေးရုံပြုလုပ်ပြီး စီစဉ်နေပြီး ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦးကိုပါ ယာယီဆေးရုံ အဖြစ်အသုံးပြုရန် လျာထားကြောင်း သိရသည်။  

ဩဂုတ် ၃၀ ရက်က ပြုလုပ်သည့် ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အွန်လိုင်းဗီဒီယိုအစည်းအဝေး Videoconferencing စနစ် ဆွေးနွေးမှုတွင် ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောဆိုခဲ့ခြင်းဖြစ်သည်။

"အဲ့ဒါကတော့ လူနာများတဲ့အပေါ်မူတည်ပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမယ့်အပိုင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လူမှုရေးဝန်ကြီးရဲ့ ညွှန်ကြားချက်အရသိရပါတယ် လက်ရှိကတော့ တစ်ဆင့်ချင်း တစ်ဆင့် ချင်းသွားနေတာ။ လူနာကလည်း အဲ့လောက်ထိမများလာသေးဘူးထင်တယ်။ လောလောဆယ် ဟိုဘက်နဲ့ ဒီဘက်နဲ့မျှနေတယ်" ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ဆိုသည်။

လက်ရှိတွင် စစ်တွေမြို့ရှိ ကိုဗစ်-၁၉ လူနာများအား စစ်တွေပြည်သူ့ဆေးရုံကြီးတွင်သာမက သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ တိုင်းရင်းဆေးရုံများတွင်ပါ ထားရှိကုသနေရကြောင်း သိရသည်။

ဓာတ်ခွဲစစ်ဆေးမှုများအတွက် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦးနှင့် မောင်တောမြို့နယ်များတွင် GeneXpert စက်များတပ်ဆင်ထားပြီး ဓာတ်ခွဲနမူနာများအား စစ်ဆေးနေကြောင်း သိရသည်။

စစ်တွေမြို့တွင် ကျပန်း ဓါတ်ခွဲနမူနာရယူခြင်းများအား ယနေ့ သြဂုတ် ၃၁ရက်နေ့တွင် စတင်ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ယခုကဲ့သို့ ဓါတ်ခွဲနမူနာရယူခြင်းများအား ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများ ထိရောက်မှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

"အဓိကကတော့ ဘယ်လိုလူတွေကိုယူမယ်။ ကျွန်တော်တို့မှာ သုတေသနတစ်ခုလုပ်မယ်ဆိုရင် ဘယ်အုပ်စုကိုယူမယ်။ ဘယ်အုပ်စုက ဘယ်လောက်ယူမယ်။ ပြီးတဲ့အခါကျတော့ ထွက်ပေါ်လာတဲ့ resultတွေကို ဘယ်လိုအသုံး ချမလဲ။ Teamတွေ ဘယ်လိုခွဲမလဲ။ အဲ့ဒါတွေအတွက် စတင်ဆောင်ရွက်နေပါပြီ" ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများဖြစ်သော ဆေးရုံ၊ ဘဏ်၊ ဈေး၊ လေဆိပ်၊ ကားဂိတ်၊ ရပ်ကွက်နှင့် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ကြသည့် ပြည်သူများနှင့် ဝန်ထမ်းများ အပါအဝင် စုစုပေါင်း လူဦးရေ ၁၀၀၀ ခန့်၏ ဓါတ်ခွဲနမူနာများအား ရယူစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။  

ကျပန်း ဓါတ်ခွဲနမူနာရယူ စစ်ဆေးခြင်းကို စက်တင်ဘာ ၅ ရက် အထိ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...