အမှုဟောင်းဖြင့် ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းကို ထောင် ၆လချ

အမှုဟောင်းဖြင့် ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းကို ထောင် ၆လချ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဟောင်း ဖြစ်သူသူ ကိုလင်းထက်နိုင်(ခ) ဂျိမ်းကို ကျောက်တံတားမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ခြောက်လချမှတ်ခဲ့ကြောင်းသိရသည်။

သြဂုတ်လ ၂၅ရက်က ကျောက်တံတားမြို့နယ်တရားရုံးတွင် ပြလုပ်သည့် ရုံးချိန်းတွင် ကိုလင်းထက်နိုင်(ခ)ဂျိမ်းကို ရာဇသတ်ကြီးပုဒ်မ ၄၆၈ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကိုလင်းထက်နိုင်(ခ)ဂျိမ်းကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကပြုလုပ်ခဲ့သည့် ပညာရေးသပိတ်တောင်းဆိုမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ချိန်တွင် မှတ်ပုံတင်အတု တစ်ခုတွေ့ရှိမှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ကိုလင်းထက်နိုင်၏ အမျိုးသမီးဖြစ်သူ မဖြိုးဖြိုးအောင်က ပြောကြားသည်။

“အမှုကလေးနှစ်လောက်ရှိနေပြီ။ ၂၀၁၆ ခုနှစ်ကတည်းက ၂၀၁၅ ခုနှစ်တုန်းကကိုဂျိမ်းကို ဖမ်းတဲ့အချိန်မှာ သူ့အိတ်ထဲမှာ မှတ်ပုံတင်တစ်ခုတွေ့တယ်။ မှတ်ပုံတင်အတုပြုလုပ်မှုနဲ့ အဲဒီကတည်းက စွဲထားတာ။ ၂၀၁၅ အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ ကျွန်မတို့ အမှုတွေအကုန်လုံးကို ပိတ်တယ်။ အမှုတွေပိတ်ပြီးမှ ဒီအမှုကိုထပ်စွဲတာ။ အဲဒီအမှုကို ပိတ်ဖို့ ရုံးတင်လိုက်တာ။ ဖြစ်ချင်တော့ လဝကဘက်က အမှုကိုပိတ်မပေးဘူး။” ဟု ကိုလင်းထက်နိုင်၏ အမျိုးသမီးဖြစ်သူ မဖြိုးဖြိုးအောင်က မဇ္ဈိမသို့ ပြောသည်။

ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်အပါအဝင် အခြားသောအမှုများကို အစိုးရသစ်တက်လာပြီးနောက်ပိုင်းဆန္ဒပြ ကျောင်းသားခေါင်းဆောင်များကို အမှုပိတ်သိမ်းခဲ့သော်လည်း ကိုလင်းထက်နိုင်အား ရာဇသတ်ကြီးပုဒ်မ ၄၆၈ဖြင့် လေးနှစ်ကျော်ကြာအမှုရင်ဆိုင်ပြီးနောက် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

Most read this week

ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...
ဓာတ်ပုံ - မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း က တွေ့ရစဉ်။ / မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေး
August 18, 2026
အာဏာသိမ်းကာလအတွင်း စစ်အုပ်စုတပ် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြိုင်မြို့နယ်၊ ဝဲတူးရေနံမြေအတွင်းသို့...
ဓာတ်ပုံ - မဇ္ဈိမ
August 18, 2026
ကချင်ပြည်အတွင်း မြေရှားသတ္တုတူးဖော်သည့်နေရာ ၅၁၄ ခုအထိ ရှိလာပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး...