ကယားဝန်ကြီးချုပ် အယ်ဖောင်းရှိုးကို စွပ်စွဲပြစ်တင်ထားသည့်အစီရင်ခံစာ စက်တင်ဘာ ၂ ရက်နေ့ လွှတ်တော်တင်မည်

ကယားဝန်ကြီးချုပ် အယ်ဖောင်းရှိုးကို စွပ်စွဲပြစ်တင်ထားသည့်အစီရင်ခံစာ စက်တင်ဘာ ၂ ရက်နေ့ လွှတ်တော်တင်မည်

ဝန်ကြီးချုပ် အယ်ဖောင်းရှိုးကိုစွပ်စွဲပြစ်တင်ထားမှုအား စုံစမ်းစစ်ဆေးထားသည့်အစီရင်ခံစာကို စက်တင်ဘာ ၂ ရက်နေ့တွင်ပြုလုပ်မည့် ကယားပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းသွားမည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌဦးသဲရယ်ကပြောသည်။

“မဲခွဲဆုံးဖြတ်မယ်။ ပြီးတော့မှ တကယ်လို့ ကျွန်တော်တို့ဘက်က ဒီအဆိုကိုထောက်ခံတဲ့သူများတယ်ဆိုရင် ဥပဒေအရ သူ(ကယားဝန်ကြီးချုပ် ဦးအယ်ဖောင်ရှိုး)က နိုင်ငံတော်သမ္မတဆီကို စာပို့ရမှာဖြစ်ပါတယ်။” ဟု ဦးသဲရယ်ကပြောသည်။  

ဦးအယ်ဖောင်းရှိုးသည် ပြည်နယ်အစိုးရပိုင် စက်ယန္တာရားငှားရမ်းခကိစ္စ၊ ကယားရိုးရာကျင်းပရန် အများပြည်သူပိုင်မြေအဖြစ် အသိအမှတ်ပြုပေးသော ကိစ္စများနှင့် ပတ်သက်၍ စွပ်စွဲပြစ်တင်မှု ခံခဲ့ရခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင်လွှတ်တော်ကိုယ်စားလှယ် ငါးဦးပါဝင်ပြီးသြဂုတ် ၁၄ ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့သည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ  လွှတ်တော်ကိုယ်စားလှယ်များပါဝင်ကြသည်။

ယင်းအဖွဲ့အနေဖြင့်  သြဂုတ်လ ၁၄ မှ ၂၈ ထိ စစ်ဆေးရမှာဖြစ်ကာ ယနေ့အထိ နှစ် ကြိမ်စစ်ဆေးခဲ့ပြီးဖြစ်သည်။ ထိုသို့စစ်ဆေးမှုတွင် ဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်ခြင်းမရှိဘဲ ကိုယ်စားလှယ်အဖြစ် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးကို လာရောက်ထွက်ဆိုစေခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အနေဖြင့်စုံစမ်းစစ်ဆေးရေးအတွက် လူကိုယ်တိုင် လာရောက်ထွက်ဆိုသည်ဖြစ်စေ၊ မထွက်ဆိုသည်ဖြစ်စေ စွပ်စွဲပြစ်တင်မှုအစီရင်ခံစာကို  လွှတ်တော်ကိုအဆိုတင်သွင်းသွားမည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသဲရယ်ကပြောသည်။

“ကျွန်တော်တို့က စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆင့်ခေါ်တဲ့အခါမှာ သူ့ကိုယ်စားလှယ်ကို လွှတ်လာတယ်။ သူ(ဦီးအယ်ဖောင်းရှို၏ ကိုယ်စားလှယ်) ပြောသွားတာက စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြစ်တင်စွပ်စွဲတဲ့ အဖွဲ့ထဲကသူအချို့ ပါလာတဲ့အတွက် သူ့အနေနဲ့ ထွက်ဆိုပေးလို့မရဘူးလို့ပြောပြီး ပြန်သွားတာပေါ့နော်” ဟု ဦးသဲရယ်ကပြောသည်။  

ယခုအစီရင်ခံစာကိုကယားပြည်နယ်လွှတ်တော်သို့တင်သွင်းရမည်ဖြစ်ပြီး  မဲခွဲဆုံးဖြတ်ရာ၌ လွှတ်တော်ကိုယ်စားလှယ် သုံးပုံတွင်နှစ်ပုံက အပြစ်ရှိကြောင်း မဲပေးခဲ့လျှင် ဝန်ကြီးချုပ်အနေဖြင့် ရာထူးကနုတ်ထွက်ရမှာဖြစ်ကြောင်းသိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅) ပုဒ်မ ၂၆၃(က)ပါ ပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်သည်ဟုဆိုကာ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ထိုးပြီး လွှတ်တော်ဥက္ကဋ္ဌမှတဆင့်အရေးယူပေးဖို့ သြဂုတ်လ ၁၂ ရက်နေ့တွင် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၁၄ရက်က စုံစမ်းစစ်ဆေးရေးဖွဲ့စည်းပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြသည်။

ထိုပုဒ်မတွင် နိုင်ငံတော်၏ကျေးဇူးသစ္စာကိုဖောက်ဖျက်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဥပဒေအရပေးအပ်သောတာဝန်ကိုမကျေပွန်ခြင်း ၊ ဝန်ကြီးချုပ်အရည်အချင်းပျက်ယွင်းခြင်းနှင့် အခြေခံဥပဒေပါပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းများရှိလျှင်  စွပ်စွဲပြစ်တင်နိုင်ကြောင်းပါဝင်သည်။

အလားတူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုလည်း ကယားပြည်နည်ဝန်ကြီးချုပ်ကဲ့သို့ပင် လွှတ်တော်ကိုယ်စားလှယ်လေးပုံ တစ်ပုံက စွပ်စွဲပြစ်တင်ခဲ့သည့်အဆိုတင်ခဲ့ဖူးပြီး ယင်းအဆိုမှာ ရှုံးနိမ့်သွားခဲ့သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...