သီပေါမြို့နယ် ရေကြီးမှု ထပ်ဖြစ်မှာကို ဒေသခံများ စိုးရိမ်နေ

သီပေါမြို့နယ် ရေကြီးမှု ထပ်ဖြစ်မှာကို ဒေသခံများ စိုးရိမ်နေ

စိုင်းဆိုင်လှိုင်း — သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်ကျေးရွာတွင် ရေကြီးမှု ထပ်မံ ဖြစ်လာမည်ကိုစိုးရိမ် နေကြဆဲဟု ဒေသခံများ က ပြောသည်။

သြဂုတ် ၂၄ ရက် တွင် သီပေါမြို့နယ် နားမခေါ်ကျေးရွာတွင် မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် ရွာတွင်အိမ်ခြေ (၂၇)အိမ်နှင့် ဒေသခံ (၁၁၂) ဦး သို့ ဘုန်းကြီးကျောင်းတွင် ယာယီပြောင်းရွှေ့ နေထိုင်ကြကြောင်းသိရသည်။

“ရေထက်ကြီးလာမှာကိုတော့ စိုးရိမ်နေတယ်။ မနေ့ညဆို တစ်ယောက်တစ်လှည့် စောင့်ပြီးအိပ်ရတယ်” ဟု နားမခေါ် ဒေသခံ ပါ့ရွှေဆာ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

နေအိမ်ထဲရေများဝင်ရောက်မှုကြောင့် အိမ်ဆောက်ပစ္စည်းများ သစ်သားများနှင့် အိမ်အသုံးဆောင်ပစ္စည်းများ ဆုံးရှုံးသွားခဲ့ကြောင်း ပါ့ရွှေဆာ က ပြောသည်။

“ ငွေပမာဏ က (၅)သိန်းလောက် တော့ဆုံးရှိတယ်။ ပြောင်းစိုက်ခင်းတွေက တော့ နည်းနည်းလောက် တော့ထိခိုက်တယ်” ဟု ပါ့ရွှေဆာ က ဆိုသည်။

သြဂုတ် ၂၅ ရက်တွင် ရေများ ပြန်ကျသဖြင့် ဒေသခံများနေအိမ် သန့်ရှင်းရေး ပြန်လည် ပြုလုပ်ပြီး ပစ္စည်းများ ပြန်လည်းသိမ်းဆည်နေကြောင်း နားမခေါ် ဒေသခံများက ပြောသည်။

“ ရေပြန်ကျတော့ ကျမတို့တွေ အိမ်ပြန် သန့်ရှင်းရေးတွေ လုပ်နေတယ်။ ဒါပေမယ့် ရေထပ်မကြီးဖို့ အတွက် ဆုတောင်းနေရတယ်” ဟု ပါ့ရွှေဆာ က ထပ်လောင်းပြောသည်။

သီပေါမြို့နယ် နားမခေါ် ကျေးရွာ ဒေသခံများသည် လယ်ယာစိုက်မှု ဖြစ်ကို အဓိက လုပ်ကိုင်ကြကြောင်းသိရသည်။

နားမခေါ်ကျေးရွာ ဒေသခံတစ်ဦး လုံးအောင်စု က “ ကျွန်တော်တို့အိမ်သုံးပစ္စည်းတွေ နဲ့ ဆန်း၊ ဆီ၊ ဆားတွေ ဆုံးရှုံး ရတယ်။ လယ်ထွန်းစက်လည်း ပျက်စီးနေတယ်။ ပြောင်းခင်းကတော့ သွားမကြည့်ရသေးဘူး။ ဒါပေမယ့် ပျက်စီးမှာပဲ ”ဟု ပြောသည်။

ထို့အပြင် ရေကြီးရေလျှံမှုကြောင့် နားမခေါ် ကျေးရွာ နှင့် တာလုံ ကျေးရွာ ကို ဆက်သွယ်ထားသည့် တံတား တစီး ပျက်စီးခဲ့ရကြောင်းလည်း နားမခေါ် ကျေးရွာ လူငယ်ခေါင်းဆောင် စိုင်းအောင်ဌေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဆုံးရှုံးမှုကတော့ ကျနော်တို့ ရွာနဲ့တာလုံရွာကို ဆက်သွယ်ထားတဲ့ ၁၀ပေ တံတား တစီး ရေတိုက်စားသွားတာ။ ပျက်သွားတယ်” ဟု စိုင်းအောင်ဌေး က ဆိုသည်။

နားမခေါ် ကျေးရွာ ရေကြီးမှု နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရများက လာရောက်ကြည့်ရှု့ပြီး စာရင်းကောက်သွားကြကြောင်း သိရသည်။

ဆက်လက်ပြီး ရေဘေးသင့် ပြည်သူများကို သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ( SNLD) မှလည်း တဦးလျှင် ငွေကျပ် (၃၁၀၀) သွားရောက် ကူညီပေးခဲ့ကြောင်းသိရသည်။

သျှမ်းပြည်အတွင်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှု နှင့် သစ်ပင်ခုတ်မှုသည် တနှစ် ထက်တနှစ် ဆိုးရွားလာသဖြင့် ရေကြီး ရေလျှံမှုှများလည်းနှစ်စဉ် နှစ်တိုင်း ကြုံတွေ့လာရသည်။

ရေကြီးရေလျှံမှုသည် နားမခေါ် ကျေးရွာတခုတည်းသာမဟုတ်ဘဲ နားမခေါ် ကျေးရွာ အနီးရှိ တာလုံးကျေးရွာလည်း ရေကြီးခဲ့ကြောင်း သိရသည်။

“ကျမ နေထိုင်တဲ့ တာလုံးကျေးရွာမှာ လည်း ရေခဏတော့ကြီးတယ်။ ရေကြီးတာက သစ်ပင်တွေမရှိတော့လို့ သစ်ပင်တွေက ခုတ်ကြလို့ ဖြစ်တယ်။ မိုးနဲနဲရွာတာနဲ ရေက အများကြီးဘဲ တောင်ပေါ်ကနေဆင်းလာတယ်” ဟု တာလုံးကျေးရွာ ဒေသခံ ပီလောဝ်ခမ်းက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို့အပြင် သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့နယ် တွင်လည်း လွန်ခဲ့သည့်ရက်ပိုင်းတွင် ရေကြီးမှုဖြစ်ပွားကာ လယ်ယာမြေ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်းသိရသည်။

သြဂုတ်လ (၂၁) ရက်တွင်လည်း သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းနှင့် လင်းခေးလမ်းပိုင်းတွင်လည်း ရေကြီးမှု ဖြစ်ပွားခဲ့သဖြင့် လမ်းများ ခေတ္တပိတ်ဆိုင်းလိုက်ရသည်။

Most read this week

December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...