လျှပ်စစ်မီတာခတွေ လစဉ် ယူနစ်၁၅၀ နှစ်ကုန်အထိ အခမဲ့ပေးမည်

လျှပ်စစ်မီတာခတွေ လစဉ် ယူနစ်၁၅၀ နှစ်ကုန်အထိ အခမဲ့ပေးမည်

အိမ်သုံးမီတာသုံးစွဲသူများအနေဖြင့် ဇူလိုင်လမှစတင်ကာ  တစ်လလျှင် ယူနစ် ၁၅၀ကို နှစ်ကုန်အထိအခမဲ့သုံးစွဲခွင့်ပြုကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သြဂုတ် ၁၈ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

COVID-19 ကြောင့် ပြည်သူများ စီးပွားရေးအရ စိတ်ဓာတ်ရေးရာအရအကျပ်အတည်း ရှိနေခြင်းကြောင့် ဓာတ်အားခ ကျသင့်ငွေကင်းလွှတ်ခွင့် အခမဲ့ဆက်လက်ပေးသွားမယ်လို့ ထုတ်ပြန်ချက်တွင်ပါဝင်သည်။

လစဉ်သုံးစွဲသည့် လျှပ်စစ်ဓာတ်အားယူနစ်များကို ၁၅၀ယူနစ်အခမဲ့သုံးစွဲနိုင်ပြီး ၁၅၀ယူနစ်ထက်ပိုပါက ပိုသုံးစွဲသည့်် ပမာဏကိုသာပေးဆောင်ရမည်ဖြစ်သည်။ထို့ကြောင့် ယူနစ် ၁၅၀ အတွက် ကျသင့်ငွေ၁၁,၅၅၀ ကျပ် ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

အိမ်သုံးမီတာအမျိုးအစားနှင့် ပြည်တွင်းလူမှုအဖွဲ့အစည်းတွေသာကင်းလွတ်ခွင့်ရမှာဖြစ်ပြီး အခြားမီတာအမျိုးအစားများကတော့ ယခင်အတိုင်းပေးဆောင်ရမည်ဖြစ်သည်။

၁၅၀ယူနစ်အခမဲ့သုံးစွဲခွင့်တွင် ဇူလိုင်လပါဝင်သောကြောင့်   ဇူလိုင်လ၁၅ရက်နေ့အထိ  ၇၅ ယူနစ်သာ အခမဲ့သုံးစွဲခွင့်ရပြီး မီတာခပေးဆောင်ပြီးသူများအတွက် သြဂုတ်လတွင် ၇၅ ယူနစ်ကို ပြန်လည်ခုနှိမ့်ပေးမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် COVID-19 ပြည်တွင်းကူးစက်ချိန်တွင် လစဉ်မီတာခအခမဲ့သုံးစွဲခွင့်ပြုခဲ့ပြီး ယခုချိန်မှာတော့ ၂၀၂၀ နှစ်ကုန်အထိသုံးစွဲခွင့်ပြုလိုက်ခြင်းဖြစ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...