ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် (၁) ဦး လွတ်မြောက်

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် (၁) ဦး လွတ်မြောက်

တပ်မတော်က တရားစွဲဆိုမှုကြောင့် အကျဉ်းကျခံနေရသူ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မဆုရတနာမြင့်ဟာ လွတ်ရက်ပြည့်တဲ့အတွက် ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်လာပါတယ်။

ယခုနှစ်ဧပြီလတုန်းက သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်မှာ ၆ လ လောက်လျော့ရက် ခံစားခွင့်ရတဲ့အတွက် ထောင်တွင်းလျော့ရက် ခံစားခွင့်နဲ့ပေါင်းလိုက်ရာကနေ ဩဂုတ်လ ၁၉ ရက်နေ့ဟာ လွတ်ရက်ပြည့်တဲ့အတွက် လွတ်မြောက်လာခြင်း ဖြစ်ပါတယ်။

သင်္ကြန်ကာလအတွင်း သံချပ်ထိုးရာမှာ တပ်မတော်အတွင်း အုပ်ချုပ်ရေးယန္တရားပျက်ပြားစေတယ်လို့ဆိုကာ တပ်မတော်က ဗိုလ်မှူးအဆင့် အရာရှိတစ်ဦးက တရားလိုလုပ်ပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ဗိုလ်တစ်ထောင်မြို့နယ် တရားရုံးမှာ တပ်မတော်အကျိုးပျက်စီးစေမှု ပုဒ်မ ၅၀၅ (က)၊ဆက်သွယ်ရေးဥပဒေပုဒ် မ ၆၆(ဃ) နဲ့ မရမ်းကုန်းမြို့နယ် တရားရုံးမှာတော့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) တို့နဲ့တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို တရားစွဲဆိုခဲ့မှုကြောင့် သံချပ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဋ်၊ မကေခိုင်ထွန်းနှင့် မဆုရတနာမြင့်တို့ကို ဗိုလ်တစ်ထောင်မြို့နယ် တရားရုံးနဲ့ မရမ်းကုန်းမြို့နယ် တရားရုံးတို့က ထောင်ဒဏ် တစ်နှစ်စီအသီးသီးချမှတ်ခဲ့ပါတယ်။

သံချပ်ထိုးသည့် လူငယ်တွေကို တရားစွဲထောင်ချခြင်းဟာ ဒီမိုကရေစီဖော်ဆောင်နေတဲ့လမ်းကြောင်းမှာ အခက်အခဲအတားအဆီးတစ်ခုဖြစ်လာနိုင်တယ်လို့ မဆုရတနာမြင့်က ပြောပါတယ်။

ဓာတ်ပုံ - သူရ/မဇ္ဈိမ

“ဒီလိုမျိုးသံချပ်ထိုးတဲ့ လူငယ်တွေကို တပ်မတော်တို့၊ အစိုးရတို့နဲ့ တပ်မတော်က အဓိကပေါ့။ အခုလက်ရှိ သူတို့တရားစွဲဆိုထားတာတွေလည်း ရှိနေသေးတယ်။ အဲတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုတာတွေ ရှိနေသေးတယ်ဆိုတော့ ဒီမိုကရေစီဖော်ဆောင်နေတဲ့ လမ်းကြောင်းမှာ ဒါက အခက်အခဲအတားအဆီးတစ်ခု ဖြစ်လာနိုင်တယ်။”လို့ မဆုရတနာမြင့်က ပြောပါတယ်။

တပ်မတော်ရဲ့ တရားစွဲဆိုမှုကြောင့် အကျဉ်းကျခံနေရသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တစ်ဦးဖြစ်တဲ့ ဇော်လင်းထွဋ်(ခ) ဖိုးသားကတော့  ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့ပါတယ်။

ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်းနဲ့မကေခိုင်ထွန်းတို့ကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် ၂ မြို့နယ်နဲ့ဧရာဝတီတိုင်းဒေသကြီးက မြို့နယ် ၄ ခုက တရားရုံးတွေမှာ တပ်မတော်က တရားစွဲဆိုထားမှုကြောင့် အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...