JICM တွင် သဘောတူညီချက် ၃ချက် ရရှိ

JICM တွင် သဘောတူညီချက် ၃ချက် ရရှိ

နန်းဆိုင်ဖူး — တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အကြိုညှိနှိုင်းအစည်းအဝေးတွင် အတည်ပြုချက် (၃) ချက် ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

နေပြည်တော်ရှိအမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် သြဂုတ် ၁၀ရက် မှ ၁၁ရက် ထိ ၂ ရက်သာ ကျင်းပဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီမှု ရရှိထားသည့် အချက် (၃)ချက်မှာ NCA အကောင်အထည်ဖော်ရေး မူဘောင် ၁၅ ချက် ရရှိထားခြင်း၊ ၂၀၂၀ အလိုမှာ ဆက်လက်ဆွေးနွေးသွားမည့် ခေါင်းစဉ်များနှင့် အဆင့်များ ခေါင်းစဉ်ကြီး ၈ ခုပေါ်တွင် သဘောတူညီမှု ရရှိထားခြင်း နှင့် ပြည်ထောင်စု အခြေခံမူများ ဖက်ဒရယ် အခြေခံမူများ နှင့် ပတ်သက်ပြီး အချက် ၃ ချက် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

“သူတို့ သဘောတူညီမှု ရထားတဲ့ ဥစ္စာကို မနက် JICM မှာ တင်ပြကြတယ်။ တင်ပြီးတော့မှ အတည်ပြုမယ်လို့တော့ မျှော်လင့်တာပေါ့။” – ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်အတူ နေပြည်တော်သို့လိုက်ပါသွားသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ အကြံပေး ပုဂ္ဂိုလ် ဦးခွန်စိုင်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ပြင် သြဂုတ် ၁၄ မှ ၁၈ ထိ UPDJC အဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တင်ပြမည့် ပုံစံကို ပြန်ပြီး ရေးဆွဲကြမည်ဖြစ်ပြီး ၅ ရက် အတွင်း စီမံရေးဆွဲပြီးလျှင် ပြည်ထောင်စု ညီလာခံတွင် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီ ၅ ရက်အတွင်းမှာ စီမံရေးဆွဲလို့ ပြီးပြီဆိုလို့ရှိရင် ပြည်ထောင်စု ညီလာခံ ၁၉ ရက်နေ့မှာ တင်ပြမယ်။ တင်ပြပြီးတော့မှ ၂၁ ရက်နေ့မှာ အတည်ပြုကြမယ်” ဟု ဦးခွန်စိုင်း က ထပ်လောင်း ပြောသည်။

ယခု JICM အကြိုညှိနှိုင်းအစည်းအဝေးတွင် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့မှ ညှိနှိုင်းမှုမပြီးပြတ်သေးသည့် အကြောင်းအရာများကို ဆက်လက်ညှိနှိုင်းသွားမှာဖြစ်ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ စတုတ္တအစည်းအဝေး ဆိုင်ရာ ကိစ္စရပ်များနှင့် (၉ ) ကြိမ်မြောက် JICM အစည်းအဝေးအတွက် ပြင်ဆင်မှုများကို ဆွေးနွေးညှိနှိုင်းမှာ ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်း က အဖွင့်မိန့်ခွန်းမှာ ပြောကြားသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...