ရန်ကုန်တိုင်းတွင် ရွေးကောက်ပွဲအတွက် ကိုယ်စားလောင်းအမည်စာရင်းတင်သွင်းထားသူ တစ်ထောင်နီးပါးရှိ

ရန်ကုန်တိုင်းတွင် ရွေးကောက်ပွဲအတွက် ကိုယ်စားလောင်းအမည်စာရင်းတင်သွင်းထားသူ တစ်ထောင်နီးပါးရှိ

၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မဲဆန္ဒနယ်တွေကနေ ဝင်ရောက်အရွေးချယ်ခံယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းဟာ စုစုပေါင်း ၉၅၅ ဦး အထိရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောပါတယ်။  

“အားလုံးစုစုပေါင်း ၉၅၅ ဦး ဝင်ပြိုင်ကြမယ်။ အမျိုးသား၊ပြည်သူ၊တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသား တို့ကို ဝင်ပြိုင်ကြမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို မနက်ဖြန်(သြဂုတ်လ ၁၁ရက်)ကစပြီးတော့ စိစစ်ပါမယ်။ အစည်းဝေးခေါ်ထားပါတယ်။ ခရိုင်တွေလည်း မနက်ဖြန်ကစပြီး စိစစ်ပါမယ် “ ဟု ဦးကြည်မြင့် က မဇ္ဈိမသတင်းဌာနကို ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် လောင်းတွေဟာဆိုရင် ပြည်သူလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၂၉၅ ဦး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၇၂ ဦး ၊ တိုင်းဒေသကြီးမဲဆန္ဒနယ်(၁)ကိုယ်စားလှယ်နေရာ အတွက် ၂၉၇ဦး ၊ တိုင်းဒေသကြီး မဲဆန္ဒနယ်(၂) ကိုယ်စားလှယ်နေရာအတွက် ၂၇၈ ဦးတို့က ဝင်ရောက် အရွေးချယ်ခံ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားရေးရာလူမျိုးမဲဆန္ဒနယ်အတွက် ၁၃ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက်  ၆ဦး ၊ ကရင်တိုင်းရင်းသားရေးရာ-န်ကြီးနေရာအတွက် ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဒီအထဲမှာတော့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၂ ဦးနဲ့ နိုင်ငံရေးပါတီ ၄၃ ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ကြတာလည်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်း မဲဆန္ဒနယ်မြေ  ၁၅၄ခုရှိပြီ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၄၅ ခု၊အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ ၁၂ခု ၊တိုင်းဒေသကြီးနှင့်ပြည်နယ်မဲဆန္ဒနယ်မြေ ၉၀ နဲ့ တိုင်းရင်းသားရေးရာလူမျိုးစုမဲဆန္ဒနယ်မြေ ၇ခု ရှိပါတယ်။

တစ်တိုင်းလုံးအတိုင်းအတာအရ ဆန္ဒမဲပေးနိုင်သူဦးရေကတော့ ၅၆ သိန်း ရှိတယ်လို့ ရန်ကုန်တိုင်းဒေသသကြီး ရွေးကောက်ပွဲကော်မရှင်ရုံးထံက သိရပါတယ်။

 

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို သြဂုတ်လ ၇ ရက်နေ့ နောက်ဆုံးထားတင်သွားရတာ ဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့အထိ အမည်စာရင်းကို ပြန်လည်ရုတ်သိမ်းနိုင်တယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင် ကပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းစိစစ်ခြင်း လုပ်ငန်းတွေကို သြဂုတ်လ ၁၁ ရက်ကနေ့ သြဂုတ်လ ၁၇ ရက်နေ့အထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ စိစစ်သွားတော့မှာပါ။

Most read this week

ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...
ဓာတ်ပုံ - မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း က တွေ့ရစဉ်။ / မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေး
August 18, 2026
အာဏာသိမ်းကာလအတွင်း စစ်အုပ်စုတပ် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြိုင်မြို့နယ်၊ ဝဲတူးရေနံမြေအတွင်းသို့...
ဓာတ်ပုံ - မဇ္ဈိမ
August 18, 2026
ကချင်ပြည်အတွင်း မြေရှားသတ္တုတူးဖော်သည့်နေရာ ၅၁၄ ခုအထိ ရှိလာပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး...