ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကိုယ်စားပြုဝင်ပြိုင်မည်

ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကိုယ်စားပြုဝင်ပြိုင်မည်

ကယားပြည်နယ်  ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ( USDP ) တွင် ယခင် ဝန်ကြီးချုပ်လုပ်ခဲ့သူ  ဦးခင်မောင်ဦး ( ခ ) ဦးဘူးရယ်သည် ကယား ပြည်နယ် ဒီမိုကရက်တစ် ပါတီ ( KySDP ) တွင် ပြည်နယ် လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် လာမည့် ၂၀၂၀ ရွေး ကောက်ပွဲ၌ ဝင်ရောက် ယှဉ် ပြိုင်မည် ဖြစ်ကြောင်း ဩဂတ် ၅ ရက်နေ့ KySDP  ရုံးတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းပါတီ အတွင်းရေးမှူး ဦးသဲရယ်က ပြောဆို လိုက်သည်။

“ဘူးရယ် ခင်မောင်ဦး ဆိုတာက ၂၀၁၀ - ၂၀၁၅ အတွင်းမှာ ပြည်နယ် ဝန်ကြီး ချုပ် တာဝန်ယူ ဆောင် ရွက်နေတဲ့ ဘူးရယ် ခင်မောင်ဦးပဲ ဖြစ်ပါတယ်။ သူကတော့ လွိုင်ကော်မြို့နယ် ပြည်နယ်လွတ်တော် မဲဆန္ဒနယ် အမှတ် ( ၂) မှာ ဝင်ရောက် ယဉ်ပြိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ခင်မောင်ဦးသည် ယခင် ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲတွင် ( USDP ) ပါတီအား ကိုယ်စားပြုပြီး ဘောလခဲမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒ နယ် အမှတ် ( ၁ ) မှ ဝင်ရောက်ရွေးချယ်ခံခဲ့ရာ အနိုင်ရသဖြင့် ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ရွေးချယ်တင်မြောက်ခံရသူ ဖြစ် သည်။

“သူရဲ့ ( ဦးခင်မောင်ဦး ) လုပ်ရည်ကိုင်ရည်ကို ကျနော်တို့အနေနဲ့ နှစ်သက်သဘောကျတဲ့ဟာတွေ ရှိတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ဟာပေါ့ ကျနော်တို့ ပါတီအနေနဲ့ လာမည့် ၂၀၂၀ ကျလို့ရှိ ရင် တိုင်း ရင်း သား ပါတီအနေနဲ့က ကျနော်တို့ မျှော်မှန်း သလောက် အနိုင်ရရှိပြီး ပြည်နယ်ထဲမှာ ဝင်ပါခဲ့မယ်ဆို ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ သူ့ရဲ့ အတွေ့အကြုံနဲ့ သူကတ စိတ်တပိုင်းထဲကနေ ပြီးတော့ သူကထိန်းပေးနိုင်မယ်။ ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ရွေးချယ်တာ ဖြစ်တယ်” ဟု ဦးသဲရယ်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် KySDP ပါတီ အနေဖြင့် ကယားပြည်နယ် လွိုင်ကော် ၊ ဒီးမော့ဆို မြို့ နယ်၊ ဖရုဆိုမြို့နယ်၊ မယ့်စဲမြို့နယ်၊ ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်း မြို့နယ် တို့တွင်  မဲဆန္ဒနယ် ၃၀ အထိ ဝင်ရောက် ယဉ်ပြိုင်မည် ဖြစ်သည်။

ဒီအပြင် လွတ်တော်ကိုယ်စားလှယ်လောင်း အများစုဟာ လူလတ်ပိုင်းများဖြစ်ကြသလို အမျိုးသမီး ကိုးဦး ပါဝင်ပြီး မြန်မာ ရှမ်း ကရင် အစရှိတဲ့ လူမျိုးများလည်း ပါဝင်ကြသည်။

ဦးခင်မောင်ဦးသည် လွိုင်ကော် ဇာတိ ကယားတိုင်းရင်းသား ဖြစ်ပြီး စစ်တက္ကသိုလ် ဗိုလ်လောင်း သင် တန်း အမှတ်စဉ် (၁၄)  တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ ရရှိခဲ့သလို တပ်မတော်လေတွင် တိုက်လေယာဉ် မှူး တာဝန်ဖြင့် ဒုတိယ ဗိုလ်မှူးကြီး အဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် ( UEC) ၏ ၂၀၂၀ ခုနှစ် မေလအတွင်း ထုတ်ပြန် ထားသော စာရင်းများ အရ မြန်မာနိုင်ငံတွင်တည်ဆဲ မှတ်ပုံတင်ထားသည့် ပါတီ ၉၇ ပါတီ ရှိကြောင်း သိရသည်။

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...