အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ၁၂ဦးအပြောင်းအလဲပြုလုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ၁၂ဦးအပြောင်းအလဲပြုလုပ်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ  ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများထဲမှ ၁၂ ဦးကို လဲလှယ်မှုပြုလုပ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စာရင်းကို ဇူလိုင် ၂၃ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး မဲဆန္ဒရှင်အချို့ရဲ့ ကန့်ကွက်မှုများကြောင့် အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်က ဆိုသည်။

"မဲဆန္ဒရှင်တွေကနေပြီးတော့ complaint တက်ကြတာပေါ့နော်။ မဲဆန္ဒရှင်ကနေပြီးတော့ ဒီကိုယ်စားလှယ်ဟာဖြင့် ကိုယ်စားလှယ်လောင်းအနေနဲ့ အခက်အခဲရှိတယ်။ ကိုယ်စားလှယ်လောင်းဖို့ အခက်အခဲရှိတယ်ဆိုတာတွေကို complaintတွေဘာတွေ တက်ကြတော့ အဲ့ဒီ complaintတွေအရ ပြန်ပြီးတော့စဉ်းစားတာပါပဲ။ တကယ်လည်း စုံစမ်းတဲ့အခါမှာ တကယ်လည်း ထိထိရောက်ရောက်ဖြစ်နေတယ်။ တကယ်လည်း တိုင်ထားသလိုဖြစ်နေတယ်ဆိုရင်တော့ အလှဲအလှယ်လုပ်ပေးတာပါပဲ" ဟု ၎င်းက ဆိုသည်။

ပြောင်းလဲခဲ့သည့် ၁၂ ဦးနှင့်ပတ်သက်၍ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကို မေးမြန်းသည့်အခါတွင် ရန်ကုန်တိုင်းမှ နှစ်ဦး၊ ဧရာဝတီတိုင်းမှ တစ်ဦးတို့ပါဝင်ကြောင်း ပြောကြားခဲ့ပြီး အခြားနေရာများအား ထုတ်ဖော်ပြောဆိုမသွားခဲ့ပေ။

ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က "အဓိက ကတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံးကို ခြုံပြီး အောင်နိုင်ရေးအတွက်သုံးသပ်တဲ့အခါမှာ ပိုပြီးသင့်တော်မယ်ထင်တဲ့ လူတစ်ချို့ကို ပြောင်းလဲလိုက်တာပါ။ ကျွန်တော်တို့က ကာယကံရှင်ရော သက်ဆိုင်ရာအလုပ်အမှုဆောင်ရော ကော်မရှင်အဖွဲ့ခွဲကိုရော အကြောင်းကြားစာတွေ ပို့လိုက်ပါပြီ။ ကျွန်တော်တို့ကအခု ပြောင်းလဲလိုက်တယ်ဆိုတာက မူလကိုယ်စားလှယ်များအနေနဲ့ ချို့ယွင်းလို့ အရည်အချင်းမပြည့်မီလို့ထက် အောင်နိုင်ရေးအတွက် ပိုမိုဦးစားပေးရမယ့်သူများကို ရွေးချယ်လိုက်တာဖြစ်တယ်" ဟု ပြောသည်။

၂၀၂၀အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း ၁,၁၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အမျိုးသမီး ပါဝင်မှုနှုန်းထားက ၂၀ရာခိုင်နှုန်းရှိသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများတွင် ပြည်သူ့လွှတ်တော်အတွက် ၃၁၉ ဦး၊ အမျိုးသားအတွက် ၁၆၁ ဦးနှင့် တိုင်းဒေသကြိးနှင့်ပြည်နယ်လွှတ်တော်တွင်  ၆၂၂ ၊ တိုင်းရင်းသားဝန်ကြီးနေရာအတွက် ၂၉ ဦး ပါဝင်မည်ဖြစ်သည်။  

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅အထွေထွေရွေးကောက်ပွဲက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကော့မှူး မဲဆန္ဒနယ်ကနေပဲ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး သမ္မတ ဉီးဝင်းမြင့်ကလည်း ၎င်း၏ မဲဆန္ဒနယ် အဟောင်းဖြစ်သည့် တာမွေမြို့နယ်ကနေပဲ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...