စက်ရုံရှေ့စုဝေးဆန္ဒထုတ်ဖော်ခဲ့သည့် အလုပ်သမား ၇၀၀ကျော် အလုပ်ထုတ်ခံရ

စက်ရုံရှေ့စုဝေးဆန္ဒထုတ်ဖော်ခဲ့သည့် အလုပ်သမား ၇၀၀ကျော် အလုပ်ထုတ်ခံရ

ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်အတွင်းရှိ Dishang Group ( Myanmar )Myanmar Dihuali Garment ကုမ္ပဏီ အထည်ချုပ်စက်ရုံမှ အလုပ်သမား ၇၃၈ ဦးကို တစ်လစာနစ်နာကြေးနှင့် လဝက်စာနစ်နာကြေးပေးပြီး စက်ရုံဘက်မှ အလုပ်ကနေထုတ်ပယ်လိုက်ကြောင်း သိရသည်။

ဇူလိုင်လ၂၉ ရက်နေ့ ညနေပိုင်းက အထည်ချုပ်စက်ရုံမှ အလုပ်သမား ၇၃၈ ဦးကို တစ်လစာနစ်နာကြေးနဲ့လ ဝက်စာနစ်နာကြေးပေးပြီး အလုပ်မှထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း စက်ရုံမှအလုပ်သမားခေါင်းဆောင်ဖြစ်သူ မသင်းသင်းအေးက မဇ္ဈိမသတင်းဌာနသို့ ပြောသည်။

“အလုပ်သမား ၇၃၈ ယောက် လျော့ချခံရပါတယ်။ ဇူလိုင် ၂၉ရက် ၄နာရီ ၁၀မိနစ် လောက်မှာ ရုတ်တရက် ကြေငြာစာထုတ်လာတယ်။ဇူလိုင် ၃၀ရက်နေ့ကိုလျော်ကြေး လာယူခိုင်းပါတယ်” ဟုမသင်းသင်းအေးက ပြောသည်။

အလုပ်သမားများကို စက်ရုံဘက်က ပြီးခဲ့သည့် ဇူလိုင် ၆ရက်နေ့မှ ဇူလိုင် ၁၀ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် စက်ရုံအလုပ်သမား ၄၀၀ကျော်ခန့်မှ ဥပဒေပါအခွင့်အရေးနှင့်စက်ရုံဘက်က အထည်ကြေးကိုချပြရန် တောင်းဆို ဆန္ဒပြခဲ့ရာတွင် ပါဝင်ခဲ့သည့်အတွက် ယခုလိုအလုပ်မှထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ကြောင်း မသင်းသင်းက ပြောသည်။

“ဥပဒေပါအတိုင်း လသမားလည်းမပြုတ်ဘူး၊ နှစ်သမားတွေကိုလည်းချန်ထားခဲ့တယ်။ ၃လမပြည့်သေးတဲ့ လူတွေကိုလည်း ချန်ထားခဲ့တယ်။ ၆လမပြည့်သေးတဲ့လူတွေကိုလည်းမဖြုတ်ဘူး။ တောင်းဆိုမှုမှာပါဝင်နေတဲ့ သူတွေ အကုန်လုံးကိုဖြတ်ချလိုက်တာပါ” ဟု ထပ်မံပြီး မသင်းသင်းအေးက ပြောကြားသည်။

လက်ရှိတွင် အလုပ်ထုတ်ပယ်ခြင်းခံရသည့် အလုပ်သမား ၇၀၀ ကျော်အနက် အချို့အလုပ်သမာများက အလုပ်ထုတ်နစ် နာကြေးယူကာ အလုပ်မှထွက်ခဲ့ကြသည်။

တချို့အလုပ်သမားများကမူ အလုပ်ထုတ်နစ်နာကြေးမယူဘဲ အလုပ်ပြန်လည်ဝင်ရောက်နိုင်ရန်အတွက် အလုပ်သမားညှိနှုန်းဖြန့်ဖြေရေးရုံးသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မဇ္ဈိမသတင်းဌာနအနေဖြင့် Myanmar Dihuali Garment ကုမ္ပဏီ၏ တာဝန်ရှိသူထံသို့ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိခဲ့ပေ။

တရုတ်နိုင်ငံသားပိုင် Myanmar Dihuali Garment အထည်ချုပ်စက်ရုံသည် ဥရောပနိုင်ငံများသို့တင်ပို့နေသည့် စက်ရုံဖြစ်ပြီး စက်ရုံ၏သက်တမ်းသည် ၁ နှစ်ကျော်ခန့်သာ ရှိသေးကြောင်း ယင်းစက်ရုံအလုပ်သမားများက ဆိုသည်။ 

August 17, 2026
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေများရှိ မြေရှားသတ္တုတူးဖော်မှုကို စည်းမျဉ်းချမှတ်...
August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...