သရုပ်ဆောင်ချစ်သုဝေနှင့် သူ၏ဖခင်ဖြစ်သူတို့အား တရားစွဲဆိုထားမှု သြဂုတ် ၅ ရက်၌ ကြားနာမည်

သရုပ်ဆောင်ချစ်သုဝေနှင့် သူ၏ဖခင်ဖြစ်သူတို့အား တရားစွဲဆိုထားမှု သြဂုတ် ၅ ရက်၌ ကြားနာမည်

သရုပ်ဆောင်ချစ်သုဝေ၏ ဖခင်ဖြစ်သူရေးဆွဲခဲ့သော ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားတွင် ဘာသာရေးနှင့် ပတ်သက်သည့် အချက်များထည့်သွင်းရေးဆွဲထားသည်ဟုဆိုကာ အမျိုးသားရေးအဖွဲ့က တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ လာမည့် သြဂုတ်လ ၅ရက်နေ့တွင် အရှေ့ပိုင်းခရိုင်တရားရုံး၌ လျှောက်လဲချက် ကြားနားသွားရန်ရှိကြောင်း တရားလိုဖြစ်သူ ရှေ့နေဦးအေးပိုင်က ပြောသည်။

“ချစ်သုဝေအကောင့်နဲ့ ဇော်ဝင်း အကောင့်ကနေပြီး တင်လိုက်တဲ့ မြတ်စွာဘုရားမှာသာပါတဲ့ ဥဏ္ဏလုံမွှေး ရှင်တော်ကို အမျိုးသမီးတစ်ဦးရဲ့ပန်းချီကား နဖူးအလယ်မှာ ထည့်သွင်းဖော်ပြလိုက်တဲ့အခါမှာ မြန်မာနိုင်ငံအနှံ့ ပျံ့နှံ့သွားပြီးတော့ ဒီအပေါ်မှာ စိတ်မချမ်းမြေ့ရဘူး။” ဟု တရားလိုဖြစ်သူ ရှေ့နေဦးအေးပိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကားချပ်၏ နဖူးအလည်တွင် ဥဏ္ဏလုံမွှေးရှင်တော် သင်္ကေတကို ထည့်သွင်းရေး ဆွဲထားသည့်အတွက် သာသနာကိုညိုးနွမ်းစေသည်ဟုဆိုကာ အမျိုးသားရေးအဖွဲ့၏ ရှေ့နေဦးအေးပိုင်က တရားလိုလုပ်ကာ သရုပ်ဆောင်ချစ်သုဝေနှင့် သူ၏ဖခင်တို့ကို ဇွန်လ ၂၅ ရက်နေ့တွင် သသာနာညိုးနွမ်းစေမှုပုဒ်မဖြင့် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တရားစွဲဆိုမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၉ ရက်နေ့က မြို့နယ်တရားရုံးမှ အမှုကိုပယ်ချခဲ့သည်။

မြို့နယ်တရားရုံးက အမှုကိုပယ်ချလိုက်သည့်အတွက် တရားလိုရှေ့နေ ဦးအေးပိုင်မှ အရှေ့ပိုင်းခရိုင်တရားရုံး သို့ ဆက်လက်ဦးတိုက်လျှောက်ထားခဲ့ရာ ခရိုင်တရားရုံးက အမှုကိုလက်ခံခဲ့ပြီး လာမည့် သြဂုတ်လ ၅ရက်နေ့ ရုံးချိန်းတွင် အမှုမြောက် ၊မမြောက်အပေါ် လျှောက်လဲချက်ကြား နာမည်ဖြစ်ကြောင်း ရှေ့နေဦးအေးပိုင်က ပြောသည်။

“ဩဂုတ်လ ၅ ရက်နေ့မှာတော့ နိုင်ငံတော်ဘက်မှ လိုက်ပါမယ့် ဥပဒေအရာရှိရယ်၊ ကျွန်တော်ရယ် တရားသူကြီးရှေ့မှာ လျှောက်လဲချက်ပေးကြမယ်။ လျှောက်လဲချက်ပေးပြီးပြီဆိုရင်တော့ ရုံးချိန်းထပ်ချိန်းပြီးရင် အမှုမြောက်၊ မမြောက် တရားရုံးက အမိန့်ချမှတ်ပါလိမ့်မယ်။”ဟု ဦးအေးပိုင်က ပြောသည်။

အရှေ့ပိုင်းခရိုင်တရားရုံးတွင် လျှောက်လဲချက်ကြားနာပြီးနောက် တရားရုံးက အမှုမြောက်ကြောင်း အမိန့်ချမှတ်ခဲ့ပါက အမှုကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် စတင်စစ်ဆေးသွားမည်ဖြစ်သည်။

August 17, 2026
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေများရှိ မြေရှားသတ္တုတူးဖော်မှုကို စည်းမျဉ်းချမှတ်...
August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...